Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်နှင့် မံစီတွင် တိုက်ပွဲပြင်းထန်နေဟု KIAပြော

ဝိုင်းမော် အခြေစိုက် ခမရ(၃၂၁)သည် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အတွက် အရေးကြီးသည့် တပ်စခန်းဖြစ်သကဲ့သို့ ရှေ့တန်းစခန်းများသို့ စစ်လက်နက်နှင့် ရိက္ခာ ထောက်ပံ့ပေးသည့် တပ်စခန်းဖြစ်သည်ဟု KIAက အသိပေးထားသည်။

(KIAပူးပေါင်းတပ်သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် ခမရ(၃၂၁) တပ်ရင်း အုတ်ခုံရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေသော ရဲဘော်တစ်ဦး။ ဓာတ်ပုံ - The Kachin Net၊Padang Nesn)
(KIAပူးပေါင်းတပ်သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် ခမရ(၃၂၁) တပ်ရင်း အုတ်ခုံရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေသော ရဲဘော်တစ်ဦး။ ဓာတ်ပုံ - The Kachin Net၊Padang Nesn)

ခမရ(၃၂၁) အနီးကို နယ်မြေရှင်းလင်းပြီးဖြစ်၊ ဝိုင်းမော်၌ စစ်ရေးတင်းမာနေ

▪️လိုင်ဇာဗုံးကြဲတိုက်ခိုက်ခံရမှု ထိခိုက်မှုမရှိဟုဆို

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ် တို့ရှိ စစ်ကောင်စီတပ်ရင်းများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်လျက်ရှိရာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဝိုင်းမော်ရှိ ခမရ(၃၂၁) တပ်ရင်း သိမ်းပိုက်နိုင်မှု ၊ လိုင်ဇာအနီးစစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုနှင့်ကချင်ဒေသ စစ်ရေးအခြေအနေများကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ခမရ(၃၂၁)တပ်ရင်းကို မေလ ၂၁ရက် ညပိုင်းတွင် သိမ်းနိုင်ခဲ့ဟု ဆိုသည်။

(KIAပူးပေါင်းတပ်သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် ခမရ(၃၂၁) တပ်ရင်း အုတ်ခုံရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေသော ရဲဘော်တစ်ဦး။ ဓာတ်ပုံ - The Kachin Net၊Padang Nesn)
(KIAပူးပေါင်းတပ်သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် ခမရ(၃၂၁) တပ်ရင်း အုတ်ခုံရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေသော ရဲဘော်တစ်ဦး။ ဓာတ်ပုံ – The Kachin Net၊Padang Nesn)

” မနေ့က ၂၂ရက်နေ့မှာတော့ အဲဒီ ၃၂၁ ပတ်ဝန်းကျင် အားလုံးကို နယ်မြေရှင်းလင်းရေး လုပ်ပြီးပါပြီ။၂၁ရက်နေ့ညမှာ လိုင်ဇာဘက်ကိုစကစ က ဂျက်ဖိုက်တာနဲ့ ဗုံးသုံးကြိမ် လာကြဲတာရှိပါတယ်။ လိုင်ဇာဝန်းကျင်မှာ ကျပါတယ်။ ပြည်သူလူထုတွေ အခြားတွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ မိုးမောက်နဲ့ မံစီဘက်မှာ တိုက်ပွဲကဆက်ပြီးမှ ပြင်းထန်နေပါတယ်။ ဝိုင်းမော်ပတ်ဝန်းကျင်မှာလည်းပဲ စစ်ရေးအခြေအနေက တင်းမာတဲ့ အနေအထားဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့(မေလ ၂၃ရက်) နံနက်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

ဝိုင်းမော် အခြေစိုက် ခမရ(၃၂၁)သည် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အတွက် အရေးကြီးသည့် တပ်စခန်းဖြစ်သကဲ့သို့ ရှေ့တန်းစခန်းများသို့ စစ်လက်နက်နှင့် ရိက္ခာ ထောက်ပံ့ပေးသည့် တပ်စခန်းဖြစ်သည်ဟု KIAက အသိပေးထားသည်။

KIAသည် မိုးမောက် နှင့်မံစီမြို့များကို မေလ ၇ရက်တွင် ထိုးစစ်ဆင်ပြီး မြို့များကို သိမ်းပိုက်နိုင်ခဲ့ကာ အနီးရှိ စစ်ကောင်စီတပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ မံစီ အခြေစိုက် ခမရ(၃၁၉)နှင့် (၆၀၁)တပ်ရင်းများကို တိုက်ခိုက်နေသကဲ့သို့ မိုးမောက် ခမရ(၄၃၇) တပ်ရင်းကို ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူသုံး ခုခံတိုက်ခိုက်နေရခြင်းဖြစ်သည်။

“မိုးမောက် (၄၃၇)မှာ တပ်ရင်း သုံးရင်း အင်အား ၃၅၀လောက်စုနေတာကို တိုက်နေရတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် မံစီရှိ စစ်ကောင်စီတပ်ရင်း ၂ခုသည်လည်း အခြားမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ စုစည်းလျက်ရှိပြီး အနည်းဆုံး အင်အား ၁၅၀၀ကို KIAက တိုက်ခိုက်နေရခြင်းဖြစ်သည်ဟု ဆိုသည်။

(KIAပူးပေါင်းတပ်သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် ခမရ(၃၂၁) တပ်ရင်း အုတ်ခုံရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေသော ရဲဘော်တစ်ဦး။ ဓာတ်ပုံ - The Kachin Net၊Padang Nesn)
(KIAပူးပေါင်းတပ်သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် ခမရ(၃၂၁) တပ်ရင်း အုတ်ခုံရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေသော ရဲဘော်တစ်ဦး။ ဓာတ်ပုံ – The Kachin Net၊Padang Nesn)

“တပ်ရင်း တစ်ရင်းကိုပဲ တိုက်နေရတာ မဟုတ်ဘူး”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က စခန်းသိမ်းတိုက်ပွဲ ရက်အနည်းငယ် ကြာနေရသည့် အခြေအနေကို ပြောပြသည်။

KIA အနေဖြင့် မတ်လ ၇ရက် စစ်ရှိန်မြှင့်သည့် စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ် များ၊ ဗျူဟာကုန်းများအပါအဝင် မိုးမောက်၊ မံစီ၊ ဝိုင်းမော်၊ ဗန်းမော်၊ တနိုင်း၊ ဖားကန့်၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ မြစ်ကြီးနား၊ KIA ဌာနချုပ် လိုင်ဇာအနီးဒေသများရှိ စစ်ကောင်စီတပ်စခန်းကြီးငယ် ၁၀၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်။

(KIAပူးပေါင်းတပ်သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် ခမရ(၃၂၁) တပ်ရင်း အုတ်ခုံရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေသော ရဲဘော်တစ်ဦး။ ဓာတ်ပုံ – The Kachin Net၊Padang Nesn)

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲဝင် တပ်ဖွဲ့တစ်ခုဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး မောင်ဆောင်းခကလည်း ဖာပွန်ဒေသစစ်ရေး အခြေအနေကို ယနေ့ (မေလ ၂၃ရက်)တွင် လူမှုကွန်ရက်မှ တဆင့်အသိပေးခဲ့သည်။

သတင်း

ဝိုင်းမော်၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းများကို KIAက မေလ ၁၈ရက်တွင် တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့(မေလ ၂၀ရက်)နံ နက်အချိန်ထိ စစ်ကောင်စီတပ်စခန်း ၁၂ခုထက်မနည်း ရရှိထားသည်။

သတင်း

ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသ၏ စစ်ဒေသမှူးလည်းဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းအကြောင်း ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို မေလ ၁၈ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

​ခလရ ၃၂၁ အပါအဝင် ဝိုင်းမော်ရှိ စစ်ကောင်စီတပ်စခန်းများအား KIAက ​မေ ၁၈ နံနက် စတင်ထိုးစစ်ဆင်ခြင်းဖ့စ်​ကြောင်း အခြားကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း အတည်ပြုပေးသည်။