Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးအရရှုံးနိမ့်နေသည့် စစ်ကောင်စီက နလန်ပြန်ထူနိုင်ရေးကြိုးပမ်းနေ၍ စစ်ဆင်ရေးများ တိုးမြှင့် လုပ်ဆောင်ရန် CNF ဒုဥက္ကဋ္ဌ တိုက်တွန်း

စစ်ကောင်စီ၏ စစ်ရေးအခြေအနေသည် အနယ်နယ်အရပ်ရပ်၌ အရှုံးများနှင့် ရင်ဆိုင်နေရသော်လည်း မင်းအောင်လှိုင်၏ စစ်ကောင်စီကို အထင်သေး၍ မရကြောင်း ပြောပြသည်။

(ချင်းပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Chin Laipa)
(ချင်းပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Chin Laipa)

ဟန်နွေ/People’s Spring

စစ်ကောင်စီအနေဖြင့်စစ်ရေးပိုင်းအရ အရေးနိမ့်နေသည်မှာ အားလုံးအသိဖြစ်၍ လက်ရှိ အခြေအနေတွင် စစ်ဆင်ရေးများကို တိုးမြှင့် လုပ်ဆောင်ရန်လိုအပ်နေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌ(၂) ဒေါက်တာရွှေခါရ်းက ပြောသည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲ၌ အောင်ပွဲရခဲ့သည့် ရဲဘော်များအားကြိုဆိုသည့် အခမ်းအနားကို မေလ ၃၀ရက်က ပြုလုပ်ခဲ့ရာ ဒေါက်တာရွှေခါရ်းက မိန့်ခွန်းပြောကြားစဉ် ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စစ်ရေးအခြေအနေသည် အနယ်နယ်အရပ်ရပ်၌ အရှုံးများနှင့် ရင်ဆိုင်နေရသော်လည်း မင်းအောင်လှိုင်၏ စစ်ကောင်စီကို အထင်သေး၍ မရကြောင်း ပြောပြသည်။

Public Service Announcement

Public Service Announcement

“သူ့မှာလည်း ပြန်ပြီး နလန်ထူဖို့အတွက် လုပ်ဆောင်နေတာတွေ ကျနော်တို့ တွေ့ရတယ်။ စစ်သားသစ်တွေ စုဆောင်းနေတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒါကြောင့် ကျနော်တို့ရဲ့ ဒီစစ်ဆင်ရေးတွေက ဒီထက် အဆပေါင်းများစွာကို ကျနော်တို့ လုပ်ဖို့ လိုအပ်လာတယ်”ဟုလည်း ဒေါက်တာရွှေခါရ်းက ပြောသည်။

တချို့ လက်နက်ကိုင်အဖွဲ့အစည်းများသည် ရန်သူကို တိုက်ခိုက်နိုင်သည့် အချိန်တွင် မတိုက်ဘဲနေသည်ကို ဝမ်းနည်းကြောင်း ၎င်းကဆိုသည်။

” တချို့လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျနော်တို့ချင်းတွေထဲမှာပဲ မင်းအောင်လှိုင်ကို အထင်သေး အမြင်သေးလာတာလားတော့ မသိဘူး ရန်သူကို တိုက်ခိုက်နုင်တဲ့အချိန်မှာ မတိုက်ခိုက်ဘဲနဲ့ လက်ပိုက်ကြည့်ပြီးတော့ ဒီအတိုင်း ထားနေတဲ့ဟာကိုလည်း ကျနော်တို့ တွေ့ရတယ် ။ အဲဒါကလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာ ဖြစ်ပါတယ်။ တကယ်လို့ သူ နလန်ပြန်ထူပြီးတော့ တိုက်ခိုက်လာတဲ့ အချိန်မှာ ကိုယ့်ဘက်မှာ အခိုင်အမာ တည်ဆောက်ဖို့ လိုအပ်တယ်”ဟုဒေါက်တာရွှေခါရ်းက ပြောသည်။

ထို့ကြောင့် နယ်မြေအတွင်း ရန်သူကင်းစစ်သည့် နယ်မြေ ဖြစ်စေရေး လုပ်ဆောင်ရန် များစွာ အရေးကြီးသည်ဟု ဆိုသည်။

“ကျနော်တို့ အိမ်တွေယာတွေ ပျက်မှာစိုးလို့ ဆိုပြီးတော့ လုပ်ကြတာတွေရှိတယ်။ တခါတလေကျတော့ ကျနော် ရီလည်း ရီချင်တယ်။ အိမ်တွေ ယာတွေ ပျက် သွားတဲ့ဟာကိုအပြစ်ဖို့တာ ဖျက်ဆီးတဲ့ ကောင်ကို မပြစ်မဖို့ဘဲနဲ့ ဒီကောင်တွေ ဖျက်ဆီးတဲ့ ကောင်တွေကို သွားတိုက်တဲ့ဟာတွေကို အပြစ်ဖို့တဲ့ ဟာတွေကိုလည်း ရီရမလား ငိုရမလား မသိတော့ဘူး။ အဲဒါလည်း စဉ်းစားစရာဖြစ်နေတယ်” ဟုလည်း ဒေါက်တာရွှေခါရ်းက ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့ တပ်စခန်းများ တပ်ရင်းဌာနချုပ်များ တိုက်ခိုက်ခံရပါက တိုက်ခိုက်ခံရသည့် ဒေသရှိအရပ်သား ပြည်သူများနေထိုင်ရာများကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးမှုများ၊ နေအိမ်မီးရှို့မှုများလုပ်ဆောင်လျက်ရှိသည်။ ယခု မေလကုန်ပိုင်းက ချင်းပြည်နယ် တီးတိန်မြို့ကို ချင်းညီနောင်က တိုက်ခိုက်ရာ စစ်ကောင်စီကမြို့ပေါ်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့၍ ထိုးစစ်ဆင်မှုကို ရပ်နားထားရသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများ၏အဆိုအရ AAသည် သံတွဲမြို့ကို သိမ်းပိုက်ရန် နီးစပ်နေပြီဟု ရေးသားဖော်ပြနေကြသည်။ စစ်ကောင်စီက လေကြောင်းနှင့် ရေတပ်မှ လက်နက်ကြီးများအဆမတန်ပစ်ခတ်၍ AAကိုခုခံတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များကပြောသည်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လိုအပ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ပျဉ်းကိုင်းရွာကို ယနေ့(ဇွန်လ ၆ရက်) နံနက်က လေကြောင်းမှပစ်ခတ်ခြင်းဖြစ်ပြီး သာစည်ရွာကို နေ့လည်၁၂နာရီခန့်တွင် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်။

သတင်း

မြင်းခြံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်​ကြောင်းကို တန်ပြန်တိုက်ခိုက်ခဲ့ခြင်းရာတွင် စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရသူများပြီး အထိနာခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။