Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံမြို့နယ်တိုက်ပွဲစစ်​ကောင်စီတပ် ၁၃ ဦး​​သေ ၊ ၄ ဦး အရှင်ဖမ်းမိ

မြင်းခြံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်​ကြောင်းကို တန်ပြန်တိုက်ခိုက်ခဲ့ခြင်းရာတွင် စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရသူများပြီး အထိနာခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(မလှိုင်ပကဖ နှင့်ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-မလှိုင် ပကဖ)
(မလှိုင်ပကဖ နှင့်ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-မလှိုင် ပကဖ)

ရဲခေါင်/People’s Spring

မြင်းခြံမြို့နယ်အတွင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးပြီး လေးဦးအရှင်ဖမ်းမိကြောင်း မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့( မလှိုင် ပကဖ )နှင့် နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

မြင်းခြံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်​ကြောင်းကို တန်ပြန်တိုက်ခိုက်ခဲ့ခြင်းရာတွင် စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရသူများပြီး အထိနာခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

အဆိုပါစစ်​ကြောင်းမှ သေဆုံး၊ဖမ်းမိခဲ့သည့် စစ်​ကောင်စီတပ်သား များ ပါဝင်သော ရုပ်သံဖိုင်မှတ်တမ်းမှာလည်း လူမှုကွန်ရက်စာမျက်နှာအချို့တွင် ပျံ့နှံ့လျက်ရှိသည်။ စစ်​ကောင်

Public Service Announcement

Public Service Announcement

စီတပ်သား အ​လောင်း ၁၃ ​လောင်းကို ကား​ပေါ်တွင်တင်ထားသည်ကို​တွေ့ရပြီး စစ်သားအ​လောင်းများကို ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကဆွဲလာခြင်း ၊စစ်သားအချို့ကို ဖမ်းလာသည်ကိုလည်း ရုပ်သံမှတ်တမ်း၌ ​တွေ့ရသည်။ရုပ်သံမှတ်တမ်းကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/44852 တွင်ကြည့်ရှုနိုင်ပါသည်။

“ဒီလ(ဇွန်လ) ၄ ရက်နေ့က တိုက်ပွဲပေါ့။နေရာအသေးစိတ်တော့ လုံခြုံရေးအခြေအနေအရ မပြောနိုင်သေးဘူး။မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်”ဟု မလှိုင် ပ.က.ဖ နှင့် နီးစပ်သူကရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီက နွားထိုးကြီး နှင့် မြင်းခြံမြို့နယ်တို့တွင် စစ်ကြောင်းများထိုးလျှက်ရှိပြီး တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်​ကြောင်း ​ဒေသခံခံသတင်းရင်းမြစ်အချို့က ​ပြောသည်။

“စစ်ကြောင်းထိုးပြီးတိုက်ပွဲတွေဆက်ဖြစ်နေဆဲမို့လို့ ဘာမှပြန်မဖြေပေးနိုင်တာကို နားလည်ပေးနိုင်လိမ့်မယ် လို့မျှော်လင့်ပါတယ်”ဟု မြင်းခြံမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

အင်အား ၂၀၀ ကျော်ပါ​သောစစ်​ကောင်စီတပ်စစ်​ကြောင်းတစ်​ကြောင်းသည် မေလ ဒုတိယပတ်ကစ၍မြင်းခြံမြို့နယ်အတွင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်နေ၍ ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်ခြင်း ၊ ပြည်သူ့ပစ္စည်းများလုယက်ခြင်း၊မီးရှို့ဖျက်ဆီးခြင်းစ​သဖြင့် နည်းမျိုးစုံဖြင့်အကြမ်းဖက်​နေကြောင်း ဒေသခံအချို့က​ပြောသည်။ စစ်​ကောင်စီတပ်စစ်​ကြောင်းကို ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များကလည်း​ပြောက်ကျားနည်းဖြင့်တိုက်လိုက်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ စစ်ရေးအခြေအနေသည် အနယ်နယ်အရပ်ရပ်၌ အရှုံးများနှင့် ရင်ဆိုင်နေရသော်လည်း မင်းအောင်လှိုင်၏ စစ်ကောင်စီကို အထင်သေး၍ မရကြောင်း ပြောပြသည်။

သတင်း

ပျဉ်းကိုင်းရွာကို ယနေ့(ဇွန်လ ၆ရက်) နံနက်က လေကြောင်းမှပစ်ခတ်ခြင်းဖြစ်ပြီး သာစည်ရွာကို နေ့လည်၁၂နာရီခန့်တွင် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီကတော့ ဒေါ်လာစျေးတွေ၊ ရွှေစျေးတွေ မြင့်တက်အောင် နောက်ကွယ်က ကြိုးကိုင်နေသူတွေကို အရေးယူမယ်လို့ ကြေညာခဲ့ပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ရွှေဆိုင်လုပ်ငန်းရှင် တချို့ကို ဖမ်းဝရမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်တပ်အတွက် အရင်းအမြစ်တွေ အတတ်နိုင်ဆုံး ရှာဖွေပေးဖို့ ဆိုတာကပဲ စစ်ကောင်စီရဲ့ အဓိက အကျဆုံး ပင်မရည်မှန်းချက်၊ တွန်းအားတွေ ဖြစ်နေပါတယ်။ ဒီတော့ အရင်လို အတွေးအခေါ်ဟောင်းတွေက လက်ရှိမှာလည်း အလုပ်မဖြစ်တော့ပါဘူးလို့သူ့ကဆက်​ပြောပါတယ် ။