close
Connect with us

Hi, what are you looking for?

သတင်း

မအီမြို့ကို စစ်တပ်က ဗုံးကြဲပြီး သံတွဲမြို့ကို လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် မအီမြို့ကို စစ်ကောင်စီကယ​​နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ‌ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးသံတွဲမြို့ကို လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခဲ့သည်။

သြဂုတ်-၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် မအီမြို့ကို စစ်ကောင်စီကယ​​နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ‌ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးသံတွဲမြို့ကို လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခဲ့သည်။

မအီမြို့ရဲစခန်းနေရာနှင့် ပတ်ဝန်းကျင်ကို သြဂုတ် ၄ ရက်နေ့လယ် ၁နာရီ ၁၉မိနစ်နှင့် ၁နာရီ၂၃မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဖြစ်ပြီး အရပ်သားသေဆုံးမှုရှိကြောင်းဒေသခံတစ်ဦးကပြောသည်။

“သေဆုံးတာကျတော်တို့အသိထဲကတဦးတော့ သေချာတယ်။ဗုံးစထိတာ” ဟုတောင်ကုတ်မြို့ခံတစ်ဦးကပြောသည်။ထိခိုက်မှုအသေးစိတ်ကိုမသိရသေးပေ။

Public Service Announcement

Public Service Announcement

စစ် ကောင်စီသည်ဩဂုတ်လ ၂ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် သံတွဲမြို့ကိုလည်း‌ ယနေ့ထပ်မံ၍လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

“သံတွဲမြို့ကကျောက်ကြီးရွာကို ပစ်တာ” ဟုသံတွဲမြို့မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

သိူ့​သော်ဖုန်းလိုင်းများမရရ၍ ထိခိုက်မှုကို မေးမြန်းမရသေးပေ။

ဇွန်လ ၇ရက် ညပိုင်းက ကျောက်ကြီးရွာစာသင်ကျောင်း၊ ပုဇွန်ဖြေရွာစာသင်ကျောင်းနှင့် စစ်သားစုဆောင်းရေးတပ်ကို စစ်ကောင်စီကဂျက်ဖိုက်တာဖြင့်ဗုံးကြဲခဲ့ရာစစ်ဘေးရှောင်လေးဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ AAက သတင်းမထုတ်ပြန်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုင်ကြီးဒေါင့်ရွာမှ နေအိမ်တစ်လုံးပေါ်ကို စစ်ကောင်စီတပ်ကြဲချတဲ့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး မိသားစုဝင်သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်အချို့ထံကသတင်းရရှိပါတယ်။

ဆောင်းပါး

မိုးတစွက်စွက်ရွာနေတဲ့ သြဂုတ် ၄ ရက်မနက်ခင်းမှာ ဖားကန့်တဝိုက်လက်နက်ကြီးသံတွေ ညံနေခဲ့တယ်။သြဂုတ် ၁ ရက်ကတည်းကတိုက်ပွဲသံတွေ ကြားနေရတာဖြစ်ပြီး ဒီနေ့ဆို ၄ ရက် မြောက်ခဲ့ပါပြီ။လက်နက်ကြီးသံတွေဟာ မိုးပြိုသလားအောက်မေ့ရအောင် ကြောက်စရာကောင်းနေခဲ့တယ်လို့ ဒေသခံတွေက ပြောပြတယ်။

သတင်း

ကရင်ပြည်နယ်၊ထိုင်းနယ်စပ်ဝေါ်လေမြို့မှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)တပ်ဖွဲ့ရဲ့စစ်ရေးချုပ်ဗိုလ်မှူးချုပ်စောစိန်ဝင်း နေအိမ်ကို မနေ့ (ဩဂုတ်လ ၃ ရက်)ညနေပိုင်းမှာ စစ်ကောင်စီတပ်ကဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် နေအိမ်ပျက်စီးသွားခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်တိုက်ပွဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးငယ်အပါ အဝင် ၃ဦးသေဆုံး၊ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ KIAသိမ်းပိုက်

Facebook