သြဂုတ်-၄၊၂၀၂၅။လူအေး/People’s Spring
စစ်ကောင်စီသည် ယနေ့ညနေ ၄နာရီခန့်ခွဲခန့်တွင် စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းကို လေကြောင်းမှဗုံးကြဲရာ အရပ်သားထိခိုက်မှုမရှိခဲ့သော်လည်း နွားသုံးကောင်နှင့်အိမ် မွေးတိရစ္ဆာန်အချို့သေဆုံးခဲ့သည်။
ကနီမြို့နယ် ငါးဖျက်ရွာကိုဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဖြစ်ပြီး အဆိုပါရွာ၌ ကာကွယ်ရေးရဲဘော်များမရှိဟု ဒေသခံများကပြောသည်။
“အရင်ကတော့ ပကဖဂိတ်ရှိတယ်။အခုမရှိတာကြာပြီ။သတင်းမှားရပြီးရမ်းသမ်းပစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
စစ်ကောင်စီသည် ပြီးခဲ့သည့်ဇူလိုင်က၁၃ရက်နေ့ကလည်းကနီမြို့နယ်အတွင်းရှိချင်းတွင်းမြစ် ဘေး ကျေးရွာအချို့ကို Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အိမ်အချို့ပျက်စီးခဲ့သည်။
စစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာထားသည့် မြို့ပေါင်း၆၃ မြို့တွင် စစ်ကိုင်းတိုင်းရှိ ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့ နယ်၊ ပင်လည်ဘူးမြို့နယ်၊ ခင်ဦးမြို့နယ်၊ဝက်လက်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ပုလဲမြို့ နယ်၊ အင်းတော်မြို့နယ်နှင့်အတူ ကနီမြို့နယ်လည်းပါဝင်နေသည်။ထို့ကြောင့် လေကြောင်းအန္တရာယ်ပိုမိုသတိပြုနေထိုင်ကြရန် ကာကွယ်ရေးရဲဘော်များကသတိပေးထားသည်။
