close
Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အရှေ့ခြမ်းတိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုများ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ကမ်းဖြူရွာရဲ့ အနောက်ဘက်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများတယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(မတ္တရာပကဖ)ကသတင်းထုတ်ပြန်ပါတယ်။

​ဒေသခံပြည်သူ တွေကို အဓ္ဓပြုကျင့်ခဲ့တဲ့စစ်​ကြောင်းကို PDF နဲ့ ပကဖ ​တွေတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-မတ္တရာ ပကဖ

ဇန်နဝါရီ-၉၊၂၀၂၆။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ကမ်းဖြူရွာရဲ့ အနောက်ဘက်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများတယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(မတ္တရာပကဖ)ကသတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ၆ရက် ၊မနက်၇နာရီမှာ ကမ်းဖြူရွာရဲ့ အနောက်ဘက်ရွှေအင်ပင်တောအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲမှာစစ်သား ၁၅ဦးထက်မနည်း သေဆုံးပြီး မတ္တရာမြို့နယ်ပကဖက ရဲဘော်၇ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“ နယ်မြေ မကျွမ်းကျင်တာရောမို့ ရဲဘော်တွေကျကုန်တာ” လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တိုက်ပွဲမှာပါဝင်တဲ့ရဲဘော်တဦးကပြောပါတယ်။

အဲဒီတိုက်ပွဲကို မတ္တရာမြို့နယ်ပကဖနဲ့ ရွှေဘိုခရိုင်တပ်ရင်း(၁၈)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်တပ်စစ်ကြောင်းဟာ ရှိမ်းမကားရဲစခန်းက ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ဇန်နဝါရီလ၁ရက် နေ့ကနေ ၃ရက်နေ့အထိ ‌‌‌‌‌‌‌‌‌‌‌‌‌ဒေသခံ အမျိုးသမီး၅ဦးကို ဖမ်းဆီးကာ ရွာသစ်ရွာမှာ အဓမ္မပြုကျင့်ပြီး တား ဆေးထိုး ပြန်လွှတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​​​ပြောပါတယ်။ မတ္တရာပကဖ ကသတင်းထုတ်ပြန်တာမှာ အဲဒီစစ်​ကြောင်းက ​ဒေသခံအမျိုးသမီး​တွေကို အဓမ္မပြုကျင့်တာ ၉ ဦး ဖြစ်တယ်လို့​ဖော်ပြထားပါတယ်။

လက်ရှိလည်းအဲဒီစစ် ကြောင်းဟာကမ်းဖြူရွာမှာပဲ တပ်စွဲထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ