— ဦးစည်သူမောင် (၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်အမတ်)
မေး– ရွေးကောက်ပွဲကို ပြည်သူတွေ ဘာကြောင့်ဆန့်ကျင်သင့်သလဲ။
ဦးစည်သူမောင်– အရိုးရှင်းဆုံးပြောရရင်တော့ ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်က ကျွန်တော်တို့ နိုင်ငံမှာ သူ မကြိုက်တဲ့ရွေးကောက်ပွဲရလဒ် ထွက်လာတိုင်းမှာ သမ္မတတို့၊ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး (တစ်နည်း) နိုင်ငံတော်အတိုင်ပင်ခံကောင်စီ (အတိုင်ပင်ခံပုဂ္ဂိုလ်)ကို ဖမ်းခွင့်ရှိပြီးတော့ ကိုယ်ကြိုက်တဲ့ရလဒ် ထွက်လာအောင် ပြန်လည်ပြီး လိုချင်တဲ့အခင်းအကျင်းကို ဖန်တီးယူခွင့်ရှိတယ်ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုမဟုတ်တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ Political Toolarlance (နိုင်ငံရေးသည်းခံမှု) ပျောက်တာ။ နိုင်ငံရေး မိုက်ရိုင်းမှု လို့ပဲသုံးရမှာပေါ့။ ဒီလိုရမ်းကားမှုမျိုးဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ မရှိသင့်တော့ဘူး။ အဲဒါမျိုးကို တချိန်တုန်းကလည်း ကြုံခဲ့ဖူးတယ်။ ၁၉၉၀ မှာ တစ်ကြိမ်ကြုံခဲ့ဖူးတယ်။ ဆိုတော့ ၂၀ ခုနှစ် ၂၁ ခုနှစ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကတော့ အရမ်းရိုးရှင်းတယ်။ ငါတို့မဲတွေ အဟောသိကံ ဖြစ်သွားပြီဆိုတဲ့ ခံစားချက်ကို လူထုကရလိုက်တယ်။ အဲဒီ ခံစားချက်မျိုးရလိုက်တဲ့အပြင် အခုစစ်တပ်က ပြန်ပြီးတော့ Sponsor ပြန်လုပ်တယ်ပေါ့ဗျာ။ ထားပါတော့ သူတို့က လမ်းညွှန်ပေးတဲ့ ဒီမိုကရေစီပေါ့။ အဲ့တာမျိုးက လမ်းညွှန်ဒီမိုကရေစီလို့ ပြောရင် စစ်တပ်က သူတို့ပေးသလောက်ပဲ ဒီမိုကရေစီကို လူထုကယူတော့ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒီအခင်းအကျင်းမျိုးကိုတော့ လူထုက ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ လိုအပ်တယ်။ ဒါကကျွန်တော် ရိုရိုးရှင်းရှင်းပဲပြောတဲ့ စကားပါ။
မေး– စစ်တပ်ရွေးကောက်ပွဲကို တန်ပြန်ဖို့ NUG, NUCC, CRPH နဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဘာတွေ အားနည်းခဲ့တယ်လို့ သုံးသပ်ပါသလဲ။

Public Service Announcement
ဦးစည်သူမောင်– ကျွန်တော်တို့တော်လှန်ရေးခရီးက ၅ နှစ်တာထဲကို ရောက်သွားပြီဆိုတော့ အဲဒီမှာ အားသာချက်၊ အားနည်းချက် တွေတော့ အများကြီးရှိတယ်။ စစ်ရေးကတော့ ကျွန်တော် အများကြီးမပြောဘူး။ ကျွန်တော်လည်း အများကြီးမသိတော့လေ။ နိုင်ငံရေးပိုင်းမှာ ကျွန်တော်တို့ ဒီ ပထမဦးဆုံး အာဏာစပြီးသိမ်းမှု ကြုံကတည်းက လူထု လှုပ်ရှားမှုတွေ ပေါ်လာတယ်။ အဲ့နောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ဆိုတဲ့ဟာကို ကျွန်တော်တို့ ပြည်သူလူထုရဲ့ Mandate အနေနဲ့ ကျတော်တို့ Informal Way ပေါ့ဗျာ။ အဲဒီနည်းနဲ့ အပြီးတိုင်ဖျက်သိမ်းလိုက်တယ်။ ဖျက်သိမ်းပြီးတော့ ကျွန်တော်တို့ အစားထိုးစရာတစ်ခုလို့ခေါ်တဲ့ (ဖွဲ့စည်းပုံအခြေခံဥပဒေ လေဟာနယ် မဖြစ်သွားအောင်လို့) ကျတော်တို့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ဆိုတဲ့ Charter ကိုပြဌာန်းလိုက်တယ်။ Charter ကလည်း အဲ့တုန်းက နှိုင်းယှဉ်စဉ်းစာချက်အရ ဆိုရင် Union Accord လို့ခေါ်တဲ့ ပြည်ထောင်စု သဘောတူစာချုပ်ထက်တောင် အများကြီးပဲ တိုင်းရင်းသားတွေအတွက်ကော အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ကော Foundation ကောင်းကောင်းတွေ အဲဒီအထဲမှာ တန်ဖိုးနှုန်း စံတွေ နှစ်မြှပ်ပြီး ချမှတ်နိုင်ခဲ့တယ်။ အဲဒီလိုပဲ Charter ရဲ့ လမ်းပြမြေပုံ အဆင့်ဆင့်ကို ဖော်ဆောင်တဲ့ အခါမှာ အခက်အခဲတွေ ရှိခဲ့တယ်။ အဲတာဘာလည်းဆိုတော့ Trust is you ပဲ။ Trust is you ဆိုတဲ့ နေရာမှာ တစ်ယောက်နဲ့တစ်ယောက် တိုင်းရင်းသားတွေနဲ့ ဗမာအင်အားစုတွေကြား၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီကြီးတွေကြားမှာ ယုံကြည်မှုဟာ တစ်ချိန်တုန်းက သမိုင်းအရိပ်တွေ၊ နောက်ပြီးတော့ ၅နှစ်တာအတွင်းမှာဖြစ်ခဲ့တဲ့ ပွတ်တိုက်မှုတွေ၊ ဒီလိုအခြေအနေတွေနဲ့ပဲ ယုံကြည်မှုကို တည်ဆောက်သွားတာပဲ။ ဒါပေမယ့် သေချာတာတစ်ခုတော့ ကျတော်ပြောနိုင်တယ်။ ဒီဘက်ကာလမှာ အားလုံးက ကိုယ့်ရဲ့နယ်မြေဒေသကို စိုးမိုးထိန်းချုပ်မှုရနေပေမယ့်လို့ အဲတာက တော်လှန်ရေးနိုင်နေတာတော့ ဟုတ်မနေဘူး။ ကိုယ့်ဒေသမှာကိုယ် အုပ်ချုပ်ရေး ထူထောင်နိုင်နေတာ တော်လှန်ရေးတစ်စုံလုံး နိုင်နေတာမဟုတ်ဘူး။ ဒါက ဒေသအဆင့် အောင်မြင်မှုလက္ခဏာကို ဖော်ဆောင်တယ်။ တစ်နိုင်ငံလုံးအဆင့် အောင်မြင်မှုလက္ခဏာကို ဆောင်တဲ့အတိုင်းအတာကို သွားမယ်ဆိုရင် ကျွန်တော်တို့အားလုံးက ဖက်ဒရယ်ကို ယုံကြည်တယ်ဆိုရင် ဖက်ဒရယ် practice ပေါ့။ ဖက်ဒရယ်ကို လက်တွေ့ဖြတ်သန်းကြရတော့မယ်။ အဲတာ ဘာလဲဆိုတော့ နိုင်ငံရေးအရ Shared ပေးရတော့မယ်။ နိုင်ငံရေးအရ Shared Rule လည်းပေးရမယ်။ ဖက်ဒရယ်အရလည်း Shared Rule ပေးရမယ်။ ကျွန်တော်တို့မှာ ဗဟိုအားကောင်းတဲ့အစိုးရ တစ်ခု အပြိုင်ထူထောင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ မြန်မာပြည်မှာ သေချာတယ် (ဒါရိုးရိုးသားသားဝန်ခံတာ) မြန်မာပြည်မှာ နှစ်ဖွဲ့ရှိနေတာကို နိုင်ငံတကာကို ပွင့်ပွင့်လင်းလင်းပြောရမယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်မှာလည်း သူတို့က နယ်မြေစိုးမိုးထိန်းချုပ်မှုကို ၁၀၀% ရနေတာမဟုတ်ဘူး။ ဒါက ဘာကိုဝန်ခံနေလဲဆိုတော့ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ကျင်းပနေရတယ်ဆိုတဲ့ အချက်ကိုက အဲတာကို သူတို့ဝန်ခံနေတာ။ သူတို့သည် တစ်နိုင်ငံလုံးကို ကိုယ်စားမပြုပါဘူးဆိုတာကို ရွေးကောက်ပွဲ အပိုင်းလိုက်ခွဲပြီး ကျင်းပနေခြင်းက ဝန်ခံနေခြင်းပဲ။ တစ်ဖက်မှာဆိုရင်လည်း EROs အပါအဝင် Local PDF တွေ၊ NUG အပါအဝင် စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာကလည်း ဖက်ဒရယ်ကို လက်တွေ့ဖြတ်သန်းဖို့ လိုအပ်နေပြီ။ အဲတော့ ကျတော်တို့မှာ နိုင်ငံရေးအရ သဘောတူညီချက်တွေ မရှိခဲ့ဘူးလားမေးရင် ရှိခဲ့တယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် Charter ရှိခဲ့ဖူးတယ်။ အဲလိုပဲ NUG၊ K2C Statement တွေရှိခဲ့တယ်။ လေးဖွဲ့ပေါင်းပြီး ထုတ်ပြန်ကြေငြာချက်တွေ ရှိခဲ့တယ်။ ဘုံသဘောတူညီချက် ၆ ချက်တွေ ရှိခဲ့တယ်။ အခုလည်း ထပ်ပြီးကြိုးစားနေတယ်။ Common Political Agreement ဆိုပြီးတော့ အားလုံးသဘောတူနိုင်တဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရေးကို။ ဒါတွေအားလုံးက လက်တွေ့ကျကျနဲ့ နိုင်ငံရေးသဘောတူညီချက် ရတာဆိုရင် ကျွန်တော်ထင်တယ် အဲဒီဟာက နိုင်ငံရေးသဘောတူညီချက်ရဲ့ နောက်ဆက်တွဲ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ခုနက ကျွန်တော်ပြောတဲ့ နိုင်ငံရေးအရ Shared Rule ပေးတာ၊ စစ်ရေးအရ Shared Rule ပေးတာတွေ၊ ဖက်ဒရယ်ကို လက်တွေ့ဖြတ်သန်းတာတွေ လက်တွေ့လုပ်ရတော့မယ်လို့ မြင်တယ်။ ဒီအချိန်မှာ ကျွန်တော်တို့ဟာ အားလုံးလွတ်မြောက်မှ ငါတို့ရဲ့ လွတ်လပ်မှုကလည်း သေချာမယ်ဆိုတဲ့ စိတ်ကို ထားပြီးတော့ ကျွန်တော်တို့ Competitive စိတ်တွေနဲ့ တကယ်ကို အပြိုင်ထူထောင်တဲ့ နိုင်ငံတစ်ခုကို ကျတော်တို့ဒီဘက်မှာလည်း Nation-Building Space ကိုသွားနေတယ်။ အဲဒီ Process ထဲမှာ ကျွန်တော်တို့ အားလုံး ယုံယုံကြည်ကြည်နဲ့ လက်တွဲပြီး ပိုပြီးတော့ လက်တွဲဆောင်ရွက်ဖို့ လိုလာပြီ။ လက်တွေ့ကျကျ ဖြစ်ဖို့ လိုလာပြီ။ အဲတော့ တဆက်တည်းပြောချင်တာက ရွေးကောက်ပွဲကိစ္စ ပြောလာတော့ ရွေးကောက်ပွဲကို သာမန်အားဖြင့်ကြည့်ရင်တော့ မင်းတို့က ဒီမိုကရေစီကို ဖော်ဆောင်ပေးမှာကို ဘာလို့ရွေးကောက်ပွဲကိုလက်မခံတာလဲ။ မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ကျတော်တို့က ရွေးကောက်ပွဲဆိုတာ ရှိလာမှာ။ ကျိန်းသေရှိလာမှာ။ အဲဒီရွေးကောက်ပွဲတွေက ကျွန်တော်တို့တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အနာဂတ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲလည်း ဖြစ်နိုင်တယ်။ အဲဒီကနေတဆင့် အမြဲတမ်းအတွက် General Assembly အထွေထွေရွေးကောက်ပွဲလည်း ဖြစ်နိုင်တယ်။ ဒီဟာက ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကနေ တဆင့်သွားမယ့် ပူးပေါင်းဆောင်ရွက်မှုတွေဟာ နိုင်ငံရေးသဘောတူညီချက် ရရှိဖို့ ပိုမိုပြီးတော့ အရေးကြီးတယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်။ ဒါတွေဟာ အားသာချက်၊ အားနည်းချက်တွေပေါ့။
စစ်ရေးကတော့ အားလုံးသိတဲ့အတိုင်းပဲ။ လောကဓံဆိုတာက နေရာတိုင်းမှာရှိတယ်။ စစ်ရေးမှာလည်း လောကဓံရှိတယ်။ အတက်အကျ အနိမ့်အမြင့်တွေ ရှိတယ်။ ဒီလိုပဲ နိုင်ငံရေးမှာလည်းရှိတယ်။ ဆိုတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောတာပါ။ ဘာသာရေးစကားပြောတာမဟုတ်ပါဘူး။ တရားသဘောနဲ့ပဲကြည့်။ နိုင်တာလည်းမမြဲဘူး။ ရှုံးတာလည်းမမြဲဘူး။ မမြဲတာက အမှန်တရားပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရခဲ့တယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကို ကြုံခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ရှုံးနေသလားမေးရင် ကျတော်တို့ ရှုံးမနေဘူး။ ကျွန်တော်တို့လည်း စစ်အုပ်စုကို ငုံ့မခံဘဲ တုံ့ပြန်နေတာပဲ။ ဘာကမြဲလဲဆိုတော့ လူထုရဲ့ ဆန္ဒနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး စိတ်ဆန္ဒ၊ ခိုင်မာတဲ့ စိတ်ဆန္ဒကသာလျှင် အမှန်တရားဖြစ်လာလိမ့်မယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ပိုပြီးတော့ခိုင်မာ စည်းလုံးမှုအားကောင်းတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ရရှိရေးကို ကြိုးပမ်းသွားဖို့ လိုအပ်တယ်လို့ ကျတော့်အနေနဲ့ ဖြေကြားချင်ပါတယ်။
မေး– ရွေးကောက်ပွဲဝင်ပြိုင်မယ့်သူတွေ၊ ပါတီတွေကို ဘာများပြောချင်ပါသလဲ။
ဦးစည်သူမောင် –ကြေညာချက်လေးတွေကို ပြန်မှတ်မိစေချင်တယ်။ အဲမှာ တပ်မတော်ထောက်ခံသော ပြည်ခိုင်ဖြိုးပါတီဆိုတာ ဒဲ့ပြောထားပြီးသား မဲအငြင်းပွားတယ်ဆိုတဲ့နေရာမှာ။ အဲဒီမှာ အာဏာသိမ်းပြီးပြီးချင်း ရက်ပိုင်းအတွင်းမှာ ထွက်ခဲ့တဲ့ စစ်ကောင်စီရဲ့ Statement တွေမှာကို သူတို့က ဘယ်ပါတီကို ထောက်ခံတယ်ဆိုတာကို တည့်တည့်ကို ရေးပြီးသား။ တပ်မတော် ထောက်ခံသော ပြည်ခိုင်ဖြိုးပါတီ ဒီလိုစကားလုံး၊ စကားရပ်တွေ သုံးခဲ့တယ်။ ဒီတပ်မတော်ရဲ့ လက်ကိုင်တုတ်ပါတီ ရဖို့ပဲ ကြိုးစားမှာပေါ့။ နောက်တစ်ခုက နိုင်ငံရေးပါတီတွေထဲမှာ (တည်တည့်ပဲ ပြောရလို့ရှိရင်) ပြည်သူ့ပါတီက ဦးကိုကိုကြီးရဲ့ အင်တာဗျူးကို နားထောင်ကြည့်ဖူးတယ်။ ဒါ ပုဂ္ဂိုလ်ရေးပြောတာမဟုတ်ဘူး။ စစ်တပ်မကြိုက်တဲ့ ရလဒ် ထွက်လို့မရဘူးတဲ့။ သူရှင်းရှင်းလေးပြောတာ။ စစ်တပ်မကြိုက်တဲ့ ရလဒ် ထွက်လို့မရဘူးဆိုတော့။ ဒါကြောင့် ကျွန်တော်စောစောက အဲဒီစကားလုံးကို သုံးတာ။ ဆိုတော့ စစ်တပ်ကလည်း ဒီမိုကရေစီ အခွင့်အရေးဆိုတာကို ငါတို့ပေးသလောက်ပဲယူ၊ အဲဒီလိုပဲ နိုင်ငံရေးဆိုတာကိုလည်း ငါတို့ ခွင့်ပြုပေးသလောက်ပဲ မင်းတို့နိုင်ငံရေးလုပ်လို့ ပြောတာ။ ဒီရွေးကောက်ပွဲအမည်ခံ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်အသုံးတော်ခံမယ့် နိုင်ငံရေးပါတီ။ ကျွန်တော် သတိထားမိတယ်ဗျ။ လွန်ခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဒီ မဲစာရင်းတွေ မှားနေပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းပေးပါ လို့ပြောခဲ့တဲ့ နိုင်ငံရေးပါတီ ၃၀ကျော်က ပုဂ္ဂိုလ်တွေတောင် တချို့တွေ အဖယ်ခံလိုက်ရတယ်။ ဆိုတော့ အဲ့တုန်းက အာဏာသိမ်းပေးပါလို့ ဝင်ပြီးတော့ ပြောခဲ့တဲ့သူတွေ အစောပိုင်းမှာတော့ နစခကောင်စီမှာ နေရာလေးပေး။ နောက်ကျတော့ သူတို့ကိုယ်တိုင်လည်း ဖယ်ထုတ်ခံလိုက်ရတာပဲ။ တချို့ကတော့ ရွေးကောက်ပွဲကို တားလို့မရတော့ဘူးပြောတယ်။ မှန်တယ် သူတို့ရွေးကောက်ပွဲကို ကျွန်တော်တို့ တားလို့မရလို့ ကိုယ့်ရဲ့ ယုံကြည်စွာနဲ့ ဆက်လျှောက်မယ့်လမ်းကိုလည်း တစ်ဖက်က တားလို့မရတော့ဘူး။ ဒါကြောင့် ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ ကျွန်တော်အနေနဲ့ မှတ်ချက်ပြုချင်ပါတယ်။
မေး – ရွေးကောက်ပွဲအလွန်မှာ စစ်ကောင်စီရဲ့တရားဝင်မှုကရောဘယ်လိုဖြစ်လာမလဲ။
ဦးစည်သူမောင် –သူတို့ရဲ့ ခပ်တည်တည် နိုင်ငံတော်တစ်ခုကိုတော့ သူတို့ရသွားမှာပေါ့။ အဲဒီနိုင်ငံတော်က သေချာတယ် ICC၊ ICJ မှာ ရင်ဆိုင်နေရတဲ့ နိုင်ငံတော်ပဲဖြစ်မှာ။ အချုပ်အခြာအာဏာ ဆုတ်ယုတ်နေတဲ့ တိုင်းပြည်ပေါ့။ အဲဒီပုံစံမျိုးနဲ့ပဲ တချိန်တုန်းက နဝတ၊ နအဖခေတ်မှာ ဗိုလ်သန်းရွှေကို နိုင်ငံတကာရဲ့ ဆက်ဆံပုံက De-Facto Government လောက်ပဲဆက်ဆံတာ။ De-Jure တကယ့်ကိုတရားဝင် Legitimate ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရပုံစံ ဆက်ဆံတာမဟုတ်ဘူး။ အဲဒီအဆင့်အတန်းထက်တောင် နိမ့်သွားလိမ့်မယ်လို့ ထင်တယ်။ ကျတော်မြင်တာလေ။ ဒီဘက်က တော်လှန်ရေးဘက်က အစိုးရကတော့ တည့်တည့်ပဲ ကြေညာထားတာ။ တော်လှန်ရေးအစိုးရဖြစ်တယ်။ ပြည်သူလူထုကနေပြီးတော့ လွတ်လပ်တဲ့စိတ်ဆန္ဒနဲ့ ၊ နိုင်ငံရေးဆန္ဒနဲ့ မဲပေးထားတဲ့ Mandateပေါ်မှာ အခြေခံတည်ဆောက်ပြီးတော့ ကျွန်တော်တို့ ဒီရွေးကောက်ခံရတဲ့ ၂၀၂၀ရွေးကောက်ပွဲ ဆိုတာ။ ကျွန်တော်တို့ အမြဲတမ်းပြောပါတယ်။ တစ်ပါတီ တစ်စုတစ်ဖွဲ့ အာဏာရဖို့အတွက် ကျတော်တို့ ရွေးကောက်ပွဲကို အကောင်အထည်ဖော်နေတာ မဟုတ်ပါဘူး။ ဒီဟာက ပြည်သူလူထုပေးထားတဲ့ တရားဝင် ဆင့်လွှဲကိုယ်စားပြုမှုကို ကိုင်စွဲပြီး၊ နောက် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ တွေမပေါ်ပေါက်မချင်း ဒီဟာကို နိုင်ငံရေးလက်နက်သဖွယ် ကိုင်စွဲသွားမယ်။ ကျွန်တော်တို့ရဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ကျွန်တော်တို့လုပ်မယ့် ရွေးကောက်ပွဲကတော့ ရှင်းတယ်။ လူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့အတွက်၊ တစ်ဦးတစ်ယောက်အတွက် တရားဝင်ဖို့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူး။ နိုင်ငံတော်အတွက်လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်။ ပြည်သူအတွက်လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ကျွန်တော်တို့ အဲဒီရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် Step by Step ကျွန်တော်တို့ဘက်မှာ လုပ်ငန်းတွေရှိပြီးသားဖြစ်တယ်ဆိုတာကို ဖြည့်စွက်ပြီးတော့ ပြောကြားလိုပါတယ်။
မေး–၂၀၁၀ တုန်းကလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လာမယ်ဆိုရင် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မလဲ။
ဦးစည်သူမောင်–လူထုခေါင်းဆောင်အနေနဲ့ကတော့ ကျတော်ထင်ပါတယ် တရာရုံးတွေထွက်နေတဲ့ အနေအထားတစ်ခုမှာ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်၊ ဘယ်လိုအရေးတော်ပုံတွေ ဖြစ်နေတယ်၊ ဘယ်လိုအခင်းအကျင်းတွေ ပြောင်းသွားပြီဆိုတာကို သူ့အနေနဲ့ သူသိသလောက် သိနေတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ အဆက်အသွယ်တွေကတော့ ဘယ်သံတမန်ကိုမှ ပေးမတွေ့တာမျိုး အရင်ထက်တောင် ဆိုးတဲ့အခြေအနေမျိုးနဲ့ အကျဉ်းထောင်ထဲမှာ ထည့်ထားတာမျိုး ဒီလိုပုံစံမျိုးတွေ။ နေအိမ်အကျယ်ချုပ်မဟုတ်ဘဲနဲ့ အကျဉ်းထောင်ထဲ ထားတာမျိုးက ဒေါ်အောင်ဆန်းစုကြည်အသက်အရွယ်နဲ့ သူ့ရဲ့ကျန်းမာရေးအပေါ်မှာတော့ အလွန်အင်မတန် စိုးရိမ်ပူပန်ဖို့ကောင်းတဲ့ အခြေအနေ ကတော့ ရှိနေတယ်။ ဆိုတော့ ပြန်လွှတ်ပေးမယ်ဆိုရင်တောင် ကျွန်တော်ထင်ပါတယ် လူထုခေါင်းဆောင်က ဘယ်တော့မှ လူထုရဲ့ စိတ်ဆန္ဒအပေါ်မှာ ကျောခိုင်းပြီးတော့ ဆုံးဖြတ်လေ့မရှိဘူး။ ဒီဖြစ်သွားတဲ့ ပြောင်းသွားတဲ့ အခင်းအကျင်းနဲ့ ကြုံခဲ့ရတဲ့ အဖြေစ်အပျက်တွေအပေါ်မှာ ကောင်းစွာ လေ့လာသုံးသပ်နိုင်ပြီး အကဲဖြတ်နိုင်တဲ့ ပုဂ္ဂိုလ် တစ်ယောက်လို့ ကျွန်တော်ယုံကြည်တယ်။ အဲလောက်တော့ ဖြေရပါတယ်။
မေး–ရွေးကောက်ပွဲအကြံအစည်ကို ရိုက်ချိုးနိုင်ဖို့ဆိုရင် NUCC,CRPH နဲ့ တော်လှန်ရေးအင်အားစုတွေမှာရော မဟာဗျူဟာတွေ ရှိထားပြီးပြီလို့ထင်ပါသလား။
ဦးစည်သူမောင်– မဟာဗျူဟာဆိုတာက ခြေသံလုံလုံနဲ့ လျှောက်ရတဲ့ တော်လှန်ရေးရဲ့ လျှို့ဝှက်လို့ပဲ ပြောရမှာပေါ့။ သေချာတာတစ်ခုက ကျွန်တော် အစောပိုင်းမှာ ဆွေးနွေးသွားသလိုပဲ ကျွန်တော်တို့ကြားထဲမှာ နိုင်ငံရေးအရ စည်းနှောင်မှုအားကောင်းတဲ့ နိုင်ငံရေးသဘောတူညီချက်တွေပေါ့။ ဒါမျိုးတွေ ကျွန်တော်တို့ တူသယောင်နဲ့ မတူနေတာတွေရှိတယ်။ ဆိုလိုတာက ဖက်ဒရယ်အထိုင်တွေ မတူကြသေးဘူး။ ဘယ်လိုပုံစံမျိုး တည်ဆောက်ချင်ကြတယ်ဆိုတဲ့ ဖက်ဒရယ်အထိုင်တွေပေါ့။ ဒီအထိုင်တွေ တူလာအောင်လို့ ကျွန်တော်တို့ အားလုံးကြားမှာတော့ နိုင်ငံရေးသဘောတူညီချက်တစ်ခုကို ပိုပြီးတော့ ပီပြင်လာအောင် လုပ်ဖို့လိုတယ်။ ကျွန်တော်တို့မှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် Charter အစိတ်အပိုင်းတစ်ခု ရရှိခဲ့ဖူးတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကြေငြာစာတမ်း လို့လည်း တချို့ညွှန်းကြတယ်။ အဲလိုပဲ ဘုံနိုင်ငံရေးသဘောတူညီချက် ၆ချက် ရှိခဲ့ဖူးတယ်။ အဲလိုပဲ ဆက်ပြီးတော့ ထုတ်ပြန်ခဲ့တဲ့အထဲမှာ ကျွန်တော်တို့ တော်လှန်ရေးက စစ်ရေးအရ စိုမိုးထိန်းချုပ်လာတာနဲ့အမျှ ကျွန်တော်တို့မှာ နယ်မြေဆိုင်ရာ ကိစ္စတွေမှာ ဒီ(တည့်တည့်ပြောရရင်တော့) Form of State ကိစ္စတွေ။ ပြည်နယ်သစ်ပေါ်ထွန်းရေးကိစ္စတွေပေါ့။ ဒါမျိုးတွေကျလို့ရှိရင် အနာဂတ်မှာပဲ ကျတော်တို့ဆွေးနွေးရမယ်။ ဆိုတော့ အနာဂတ်မှာ ဆိုင်ရာဒေသခံပြည်သူတွေရဲ့ ဆန္ဒခံယူတာတို့၊ နောက်ပြီး ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်ကြီးတွေနဲ့ ညှိုနှိုင်းဆွေးနွေး အမြင်ဖလှယ်တဲ့ နိုင်ငံရေး တွေ့ဆုံမှုတွေ ဒီကနေတဆင့် အနာဂတ်နိုင်ငံကို ဘယ်လိုမျိုးတည်ဆောက်သွားမယ်ဆိုတဲ့ Shared Rule တွေ၊ ကျွန်တော်တို့မှာ ပိုပြီးတော့အားကောင်းတဲ့၊ NUG ထက်အားကောင်းတဲ့ Power Strategy တစ်ခုကို ကျွန်တော်တို့ဘက်က အားကောင်းစွာနဲ့ တည်ဆောက်ထားနိုင်ဖို့ လိုအပ်တယ်။ အဲဒီအတွက်ကတော့ ကျွန်တော်ထင်တယ်။ ကြိုးစားနေကြပါတယ်။ NUCC မှာလည်း CPA ဆိုတဲ့ လုပ်ငန်းစဉ်တွေ ရှိနေပါတယ်။ အဲလိုပဲ CRPH အနေနဲ့ကတော့လည်း ကျတော်တို့ ဒီ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လူထုကပေးထားတဲ့ တရားဝင်မှု ဆင့်လွှဲကိုယ်စားပြုမှုကို ကိုင်စွဲပြီးတော့ ကျတော်တို့ ဥပဒေပြုရေးကဏ္ဍကနေ ဆိုင်ရာဒေသတွေရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတွေ ပိုပြီးပီပြင်လာအောင် ကျတော်တို့ ဘယ်လို ဆောင်ရွက်ကြမယ်ဆိုတာကို စဉ်ဆက်မပြတ် စဉ်းစားနေကြတယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း အားလုံးသိတဲ့အတိုင်း IPU လိုနေရာမျိုးတွေမှာ ကျတော်တို့ International Parliament to Parliament ပေါ့ လွှတ်တော်အချင်းချင်းဆိုင်ရာ ဆက်ဆံရေးတွေကို တိုးမြှင့်ရင်းနဲ့ ကျတော်တို့ Advocacy လုပ်နေတာတွေရှိပါတယ်။ ဆိုင်ရာကိုယ်စားလှယ်တွေ သွားရောက် တက်ရောက်ပြီးတော့ အဲဒီမှာ ကျွန်တော်တို့ရဲ့ တရားဝင်မှု ပိုပြီးအားကောင်းလာအောင် တည်ဆောက်နေတာတွေလည်း ရှိတယ်။ အဲလိုမျိုး မျက်နှာစာပေါင်းစုံကနေပြီးတော့ ကြိုးပမ်းသွားရင်းနဲ့ပဲ ဒီတော်လှန်ရေးခရီးကို ဆက်ရမှာ။ ဆိုတော့ အချုပ်ပြောရရင်တော့ အားလုံးလွတ်မြောက်မှ ငါတို့လွတ်လပ်မှုက သေချာမယ်ဆိုတာ အားလုံးကြားထဲမှာ အသိတိုးလာပြီလို့ ကျတော်ယုံကြည်တယ်။ ညွှန်းရရင်တော့ဗျာ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးက အာရပ်နွေဦးထက်တောင် ပိုပြီးတော့ ပူပြင်းတယ်၊ ပိုပြီးရုန်းကန်ရတယ်။ လူထုလှုပ်ရှားမှုနဲ့ ပြီးသွားတဲ့ အာရပ်နွေဦးလို မဟုတ်ပဲနဲ့ ကျတော်တို့နွေဦးက လူထုတော်လှန်ရေးအသွင်ကို ပိုပြီးတော့ ရောက်လာခဲ့တယ်။ နွေဦးတော်လှန်ရေးကနေ လူထုတော်လှန်ရေးဆိုတဲ့ အသွင်ကို ရောက်လာခဲ့ရင်းမှ ၅နှစ်တာထဲကို ချဉ်းနင်းဝင်ရောက်လာတဲ့ အခါမှာ ကျွန်တော်တို့မှာ ပိုပြီးတော့ခိုင်မာတဲ့ ယုံကြည်ချက်တွေ ရှိလာတယ်။ တချို့ကိစ္စတွေမှာ သံသယတွေ လျှော့လာနိုင်ခဲ့တယ်။ ဒီလိုမျိုးအနေအထားနဲ့ပဲ ဆက်ပြီးတော့ ကျွန်တော်တို့ ရှေ့ခရီးမှာ Trust Issiue တွေကို လျော့ချရင်း ဆက်လျှောက်ရလိမ့်မယ်လို့ ယုံကြည်တယ်။ ဒီလောက်ပါပဲ။
















































