close
Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုခရိုင် မြို့နယ် ၆ခုရှိ အခွန်ဂိတ်အများစုကို ပိတ်သိမ်းဖို့NUGကာကွယ်ရေးညွန်ကြား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ကွပ်ကဲရေး-၁နဲ့ ၂အောက်က မြို့နယ်တွေမှာ ပကဖ၊ ပအဖ၊ PDF၊ဒေသခံPDFတွေရဲ့ အခွန်ကောက်ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန-MODက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ PDF စစ်ဆေးဂိတ်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုငြိမ်း

ဖေဖော်ဝါရီ-၁၇၊ ၂၀၂။ ရှိန်း၊ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ကွပ်ကဲရေး-၁နဲ့ ၂အောက်က မြို့နယ်တွေမှာ ပကဖ၊ ပအဖ၊ PDF၊ဒေသခံPDFတွေရဲ့ အခွန်ကောက်ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန-MODက ထုတ်ပြန်ထားပါတယ်။

ဂိတ်အားလုံးကို ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့ နောက်ဆုံးထားပိတ်ရမယ်လို့ ထုတ်ပြန်ထားတာပါ။

ရွှေဘိုခရိုင်ကွပ်ကဲရေး-၁ အောက်က မြို့နယ်‌‌တွေကတော့ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်တို့ဖြစ်ပြီး ရွှေဘိုခရိုင်ကွပ်ကဲရေး-၂အောက်က မြို့နယ်တွေကတော့ ရွှေဘို၊ ခင်ဦး၊ ဝက်လက်မြို့နယ်တို့ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီထဲက မြို့နယ်တချို့ဟာ စစ်ကိုင်း-ရွှေဘို- မြစ်ကြီးနားကားလမ်းပေါ်မှာရှိပြီး ဂိတ်အရေအတွက်များကာ တောင်းတဲ့ အခွန်နှုန်းထား များတာမို့ ကုန်ကားသမားတွေ ဝေဖန်နေကြတဲ့ဂိတ်တွေလည်း ပါဝင်ပါတယ်။

“ ပြည်သူလူထု အတော်လေး သက်သာသွားမှာပါ။ ကုန်စည် ဈေးနှုန်းတွေကအစ သက်သာလာမယ်လို့ ယူဆရပါတယ်။ တခြားခရိုင်တွေလည်းစ နေပါပြီ။ တတိုင်းလုံးသွားမှာပါ” လို့ ရွှေဘိုခရိုင်တပ်ရင်းတစ်ခုပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါပေမဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးက သတ်မှတ်အခွန်ကောက်ဂိတ်တချို့တော့ ကျန်ရှိမယ်လို့ သိရပါတယ်။

“ အခွန်ကိုကောက်ခံရတာက MOHAI(ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး)အောက်က အခွန်ဂိတ် တွေကပဲ ကောက်ရတာပါ။ ပကဖတို့၊ တပ်ရင်းတို့က စစ်ဆေးရေးဂိတ်အဖြစ်ပဲရှိရမှာ။ ဒါပေမဲ့ စစ်ကိုင်းတိုင်းက ဂိတ်တွေတအားပေါလာလို့ ပြန်လည်ထိန်းချုပ်ဖို့လို့ ယူဆရပါတယ်ဗျ” လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာန နယ်မြေအတွင်းရှိ PDF တပ်ရင်းများ၊ Local PDF များနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖများ ဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေးရန်ပုံငွေဂိတ်၊ စစ်ဆေးရေးဂိတ် အစရှိတဲ့ ဂိတ်များအားလုံး စနစ်တကျ စိစစ်ဆောင်ရွက်မှု ပြုလုပ်နိုင်ဖို့ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး ပိတ်သိမ်းရမယ်လို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ဖေဖော်ဝါရီ ၁၀ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

PDF တပ်ရင်းများ၊ Local PDF များနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖများဟာ မိမိတို့ တပ်ဖွဲ့အတွက် လက်နက် ခဲယမ်းလိုအပ်ချက်ရှိပါက သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့ တင်ပြတောင်းခံကြဖို့နဲ့ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့နည်းလမ်းများ(တရားမဝင်ဂိတ်ဖွင့်ပြီး ငွေကြေး ကောက်ခံခြင်း၊ ရပ်ရွာပြည်သူလူထုထံမှ ခွဲတမ်းဖမ်းခြင်း) အသုံးပြုပြီး လက်နက်ခဲယမ်းအတွက် ရန်ပုံငွေ ရှာဖွေခြင်းများ ရှောင်ကြဉ်ကြဖို့ ညွှန်ကြားလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

​ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနနဲ့ ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာန နယ်မြေအတွင်းရှိ PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖများနဲ့ Local PDF များအားလုံး သိရှိလိုက်နာဖို့ဆိုပြီး အခုအမိန့်ကို ထုတ်ပြန်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

​ဒီညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမယ်လို့ ထပ်မံအသိပေးပါတယ်။

ရွှေဘိုခရိုင်အတွင်း ငွေကောက်ခံတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ဂိတ်အချို့ကြောင့် ပြည်သူလူထုအသွားအလာခက်ခဲပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေတာ၊ ရရှိလာတဲ့ငွေကြေးတွေကို ပွင့်လင်းမြင်သာစွာချပြခြင်းမရှိတာတွေကြောင့် ဝေဖန်ခံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ စစ်ရှောင်တွေလှူမယ့်ပစ္စည်းသယ်တာကိုတောင် အခွန်ပေးရတာရှိတယ်” လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အခွန်ငွေပေးဆောင်ရတာတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာကော တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာပါ ဝေဖန်မှုတွေ ရှိနေပါတယ်။

တရားမဝင် အခွန်ကောက်ဂိတ်တွေကို ဒီနေ့စတင်ပိတ်ခိုင်းတာဖြစ်ပြီး ဝက်လက်မြို့နယ်အတွင်းက အခွန်ကောက်ဂိတ်တချို့ကတော့ ဒီနေ့ပိတ်ထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်ကလည်း NUG ကာကွယ်ရေးက အခုလို အမိန့်ထုတ်ခဲ့ပေမယ့် တပ်ဖွဲ့တချို့က လိုက်နာမှုအားနည်းတာကြောင့် ဒီတကြိမ်မှာ တင်းကြပ်စွာလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက အကောက်ခွန်ဂိတ်အားလုံးပိတ်သိမ်းဖို့ စီမံချက်ရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ချိုးဖျက်ပြီး ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် ပေါင်းစည်းခေါင်းဆောင်ကြဖို့ တိုင်းရင်းသားခေါင်းဆောင် တွေကို အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကြီး လေးဖွဲ့ တွေ့ဆုံပြီး အာဏာသိမ်း စစ်ကောင်စီတပ်ကိုဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအောင်မြင် နိုင်ဖို့ ဆွေးနွေးထားကြတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင် ပိုင်းတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သတင်း

၂၀၂၆ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အချိုးအကွေ့ကာလတစ်ရပ်ဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ် ထပ်လောင်းအတည်ပြုတာကနေကျော်လွန်ကာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။