close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ကျဥ်းတွေ လွှတ်ပေးရေး ယင်းမာပင်ဒေသမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်ဒေသအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးလှုပ်ရှားမှုကို ဒီကနေ့ (ဖေဖော်ဝါရီ ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်ဒေသအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးလှုပ်ရှားမှုကို ဒီကနေ့ (ဖေဖော်ဝါရီ ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွင့်မည်ရွှေရေကြည် လူထုသပိတ်တိုက်ပွဲက နယ်မြေမငြိမ်သက်တဲ့ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက တော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီး “ စုစည်းပါဝင် တော်လှန်ရေးအရှိန်တင်” စာသားကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုထုသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးချက်ချင်းလွှတ်ဖို့ကိုလည်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပြီး စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြဖို့ လက်ကမ်းစာစောင်တွေ မျှဝေခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ကျရှုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ယင်းမာပင်ဒေသမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာစစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လူထုသပိတ်လှုပ်ရှားမှုတွေကိုဒီကနေ့(ဖေဖော်ဝါရီ ၈)မှာပြုလုပ်ခဲ့ပါတယ်။

Facebook