close
Connect with us

Hi, what are you looking for?

သတင်း

တာမွေမှာ ဆီတန်းစီတဲ့ ကားတစ်စီး မီးလောင်

(တာမွေမြို့နယ် သံသုမာလမ်းမမှာ ‌စက်သုံးဆီတန်းစီနေတဲ့ ကားတစ်စီး မီးလောင်နေစဉ်။ ဓာတ်ပုံ - CJ)

မတ်-၂၆၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ တာမွေမြို့နယ် သံသုမာလမ်းမမှာ ‌စက်သုံးဆီတန်းစီနေတဲ့ ကားတစ်စီး မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အာယု Maxမှာ တန်းစီတဲ့ကားတစ်စီး မီးလောင်” လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ကားမီးလောင်နေတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။

မီးလောင်မှုက ဒီနေ့ (မတ်၂၆) ညနေ ၄နာရီခွဲလောက်မှာဖြစ်ခဲ့ပြီး ကားတစ်စီးလုံးနီးပါးမီးလောင်သွားတယ်လို့ အဲဒီ့နေရာအနီးမှာနေထိုင်သူတစ်ဦးက ဗီဒိယိုဖိုင်တင် ထားပါတယ်။

Public Service Announcement

Public Service Announcement

“ သံသုမာလမ်း စျေးလေးမှတ်တိုင်အနီး တာမွေမြို့နယ်မှာ ဆီတန်းစီနေသော ကားမီးလောင်တာတစ်စီးလုံးကုန်ကာန်ီးနေပြီ ကူမဲ့သူမရှိဘူး

ကားတွေလဲရပ်တောင်မကြည့်ဘူး လူတွေ ဗြဟ္မစိုရ်တရားခေါင်းပါးကုန်ကြပြီ” လို့ ရေးသားထားပါတယ်။

ဒီအကြောင်းအရာကို မီးသတ်တပ်ဖွဲ့ကတော့ ညနေ ၅နာရီလောက်မှာ မီးလောင်မှုဖြစ်ခဲ့ပြီးမီးလောင်ချိန် ၂မိနစ်ပဲကြာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

နွေရာသီကိုရောက်ရှိလာတာကြောင့် နေ့အပူချိန်တွေမြင့်မားလာချိန်မှာစက်သုံးဆီ တန်းစီဝယ်ယူနေရသူတွေအတွက် ဒီလိုဖြစ်စဉ်တွေက ဆက်ဖြစ်လာနိုင်တယ်လို့ ပြည်သူတွေက သုံးသပ်ထားပါတယ်။

ဒီနေ့ မနက်ကလည်း ရန်ကုန်မြို့မှာ အသက်(၆၉) နှစ်အရွယ်အမျိုးသားတစ်ဦး ဆီတန်းစီရင်း ကွယ်လွန်သွားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းတိုက်ပွဲတွေကြောင့် စက်သုံးဆီ အခက်အခဲဖြစ်နေတဲ့အပေါ် စစ်ကောင်စီက ကားတွေကို စုံ ၊ မခွဲပြီး ရက်အလိုက်ထွက်တာ ၊ ဆီရောင်းချဝာာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေက စက်သုံးဆီတွေဆီတန်းဝယ်ယူနေကြရတာပါ။

ဒီလိုသေဆုံးမှုတွေ မီးလောင်မှုတွေဖြစ်တာက စစ်ကောင်စီရဲ့ စီမံမှုအလွဲအမှားတွေကြောင့် ဖြစ်တယ်လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်သူတွေက စက်သုံးဆီရဖို့ နာရီနဲ့ချီ တန်းစီနေရသလို အချို့ဆိုရင် ညအိပ်တန်းစီနေကြရတာတွေလည်းရှိပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်က စက်သုံးဆီဆိုင်မှာ ညဘက်ဆီတန်းစီတဲ့ ကားမီးလောင်မှုကြောင့် ဆီဆိုင်တစ်ခုလုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့ စီမံမှုအလွဲအမှားတွေကို ပြင်ဆင်ဖို့ မရှိပဲ အရန်ဆီ ရက် ၅၀စာ အလုံအလောက်ရှိတယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း ဒီရက်ပိုင်းမှာ ဆီဆိုင်အချို့ ဆီရောင်းစရာမရှိတာကြောင့် အရောင်းပိတ်တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ