close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-အိန္ဒိယနယ်စပ်မှာ ခြံစည်းရိုးကာနေတဲ့ အာသံရိုင်ဖယ်အဖွဲ့တိုက်ခိုက်ခံရပြီး သုံးဦး သေဆုံး

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့မှာ မြန်မာ-အိန္ဒိယနယ်စပ်တလျှောက် ခြံစည်းရိုးကာနေတဲ့ အာသံရိုင်ဖယ်အဖွဲ့ တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(မဏိပူရပြည်နယ်မှာ လုံခြုံရေးယူနေတဲ့ အိန္ဒိယစစ်တပ်နဲ့ အာသံရိုင်ဖယ်အဖွဲ့ကို တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images။ ပုံအဟောင်းဖြစ်ပါတယ်)

မတ်-၂၇၊၂၀၂၆။အိမ်သွင်/People’s Spring

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့မှာ မြန်မာ-အိန္ဒိယနယ်စပ်တလျှောက် ခြံစည်းရိုးကာနေတဲ့ အာသံရိုင်ဖယ်အဖွဲ့ တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နာဂလက်နကိကိုင်တပ်ဖြစ်တဲ့ NSCN-K (YA) က မတ်လ ၂၆ရက် ည‌နေ ၅နာရီခွဲမှာ တိုက်ခိုက်ခဲ့တာလို့ဒေသခံတွေက ပြောပါတယ်။

” နယ်စပ်ကို ခြံစည်းရိုးအတင်းကာနေတာ။ဒေသခံတွေက သဘောမတူထားဘူး။ သပိတ်လည်း မှောက်ထားတာပါ။အာသံတပ်လုံခြုံရေးယူပြီး ကာနေတာ။အခု တိုက်ခိုက်တာဟုတ်တယ်။ သုံးယောက်သေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပန်ဆောင်မြို့က မြန်မာ-အိန္ဒိယနယ်စပ်တလျှောက် ခြံစည်းရိုးကာရံမှုကို အိန္ဒိယဘက်က ၂၀၂၅ နှစ်ကုန်ပိုင်းကနေ စတင်ခဲ့တာပါ။ ဒေသခံတွေက ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့သလို နာဂအရပ်ဖက်အဖွဲ့တွေကလည်း ကန့်ကွက်ခဲ့ကြပါတယ်။

အိန္ဒိယအစိုးရက အာသံရိုင်ဖယ်အဖွဲ့ကို လုံခြုံရေးယူခိုင်းပြီး အတင်းအကျပ်ကာနေတာလို့ ဒေသခံကပြောပါတယ်။

” အာသံတပ်ဖက်က အသေအေပျာက်ရှိတော့ ပြဿနာဆက်ကြီးနိုင်တယ်။ နှစ်ဘက်ဒေသက ဒေသခံတွေ သတိထားရတော့မယ်” လို့ ပန်ဆောင်မြို့ခံက ပြောပါတယ်။

ပန်ဆောင်မြို့ဟာ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ နန်းယွန်းမြို့နယ်အတွင်းမှာ တည်ရှိပြီး အိန္ဒိယ-မြန်မာနယ်စပ် မြို့ ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံ၊ အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ် (Arunachal Pradesh) နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ သမိုင်းဝင်လီဒိုလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland) တပ်ဖွဲ့တွေရှိနေပါတယ်။

NSCNတပ်တွေကို အိန္ဒိယစစ်တပ်က မြန်မာပိုင်နက်အတွင်းအထိဝင်ပြီး တိုက်ခိုက်လေ့ရှိသလို အိန္ဒိယနိုင်ငံဖက်ခြမ်းမှာလည်း တိုက်ခိုက်လေ့ရှိပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို ပြီးခဲ့တဲ့၂၀၂၅ အောက်တိုဘာ၂၀ရက် ညမှာ အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ NSCN(K-YA)အဖွဲ့ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ Piyong Konyak (ပီယောင်းကွန်းရက်) ရဲ့ သားနဲ့ မြေးဖြစ်သူတို့ သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ NSCN(K-YA)အဖွဲ့က အိန္ဒိယနိုင်ငံဖက်ခြမ်းမှာ အာသံအဖွဲ့ကို ဦးတည်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်မှာ ရေနစ်ပျောက်ဆုံးနေတဲ့ က​လေး ၃ ဦးထဲက တစ်ဦးကို သေဆုံးလျက် ပြန်လည်ရှာဖွေတွေရှိခဲ့ပြီး ၂ ဦး ရှာမတွေ့သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်ဒေသကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်)မြို့နယ် ကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၆ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။