close
Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်ဝတ်စုံလဲရုံနဲ့ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှုကို မပြောင်းလဲနိုင်

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံကို ပြောင်းလဲနိုင်ပေမယ့် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး သူကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှုကိုတော့ ဘာမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။

(စစ်ရေးပြပွဲတစ်ခုမှာ တွေ့ရတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်။ ဓာတ်ပုံ - AFP)

ဧပြီ-၃၊ ၂၀၂၆။ သော်မွန်/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံကို ပြောင်းလဲနိုင်ပေမယ့် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး သူကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှုကိုတော့ ဘာမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းရော၊​ အာဏာသိမ်းမှုမတိုင်ခင်ကရော မင်းအောင်လှိုင်ရဲ့ အထိန်းအကွပ်မဲ့ စစ်တပ် အကြမ်းဖက်မှုတွေကို ခံစားခဲ့ရတဲ့ မြန်မာပြည်သူများစွာအတွက် အခုလို မင်းအောင်လှိုင် သမ္မတရာထူးရရှိသွားတာက နာကျင်ဖွယ်ရာ၊ စိုးရိမ်ဖွယ်ရာ ကောင်းနေနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်လိုရာထူးပဲ ရရှိထားသည်ဖြစ်စေ ဘယ်သူမှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိမှာမဟုတ်ဘူးလို့ ဂျိုးဖရီးမန်းက ပြောပါတယ်။

“စစ်တပ်ခေါင်းဆောင်အနေနဲ့ နိုင်ငံတကာဥပဒေကို အမြောက်အမြားချိုးဖောက်ကျူးလွန်ခဲ့မှုတွေအတွက် တရားစွဲဆိုခြင်းကနေ အရပ်သားရာထူး(သမ္မတရာထူး)က သူ့ကို အကာကွယ်ပေးလိမ့်မယ်လို့ မင်းအောင်လှိုင် တွေးထင်နေရင် အဲဒါက နိုင်ငံတကာတရားစီရင်ရေး ဘယ်လို အလုပ်လုပ်သလဲဆိုတာ သူ နားမလည်လို့ ဖြစ်ပါတယ်”လို့ ဂျိုးဖရီးမန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှာ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခံထားရပြီး ခုံရုံးက ခွင့်ပြုပေးလိုက်ရင် ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မင်းအောင်လှိုင် သူတို့ပိုင်နက်နယ်မြေထဲရောက်ရှိချိန်မှာ ဖမ်းဆီးပေးရမယ့် တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)သုတေသီက ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးအနေနဲ့လည်း မင်းအောင်လှိုင် ပြည်ပကို ထွက်ခွာလာရင် ခိုလှုံခွင့်မပေးဘဲ ချက်ချင်းဖမ်းဆီးဖို့နဲ့ နိုင်ငံရေးအပြောင်းအလဲဆိုတာကို အကြောင်းပြပြီး အပြည်ပြည်ဆိုင်ရာဥပဒေကြောင်းအရ တာဝန်ရှိမှုတွေကို လျစ်လျူမရှုဖို့လည်း အထက်ပါ AI သုတေသီက တိုက်တွန်းပါတယ်။

မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်ထဲက အပေါင်းအပါတွေအားလုံး သူတို့ကျူးလွန်သမျှသော ရာဇဝတ်မှုတွေအတွက် လွတ်လပ်တဲ့တရားရုံးတွေမှာ မျှတစွာ တရားစွဲဆို မခံရမချင်း မြန်မာနိုင်ငံရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်သံသရာက ဆက်လက်တည်ရှိနေလိမ့်မယ်လို့ ဂျိုးဖရီးမန်းက နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ကာကွယ်မြှင့်တင်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ကလည်း အလှမ်းဝေးကွားစေလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အနေနဲ့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအရာရှိတွေကို ICC ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အညီ ဖမ်းဝရမ်းထုတ်ပေးဖို့နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအခြေအနေတစ်ခုလုံးကို ICC ကို လွှဲပြောင်းပေးဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ပြီး နာရီပိုင်းအကြာမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

​အာဏာသိမ်းပြီးနောက်ပိုင်း (၅)နှစ်ကျော်ကာလအတွင်း စစ်တပ်နဲ့ ၎င်းရဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၂ သောင်းကျော် ပြာကျပျက်စီးခဲ့ရကြောင်း Data for Myanmar ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။