Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမော်မြို့ရှိ စုပေါင်းရုံးကို အင်အားပြင်းဗုံးဖြင့် တိုက်ခိုက်ခံလိုက်ရပြီး မီးလောင်

“ဗုံးပေါက်ကွဲပြီး မီးတွေ တဟုန်းဟုန်းလောင်နေတာ။ ရုံးထဲကဟာတွေ( ဝန်ထမ်းများ) ထိ၊မထိတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ပေါက်ကွဲမှုဖြစ်ပြီး ဗန်းမော်စုပေါင်းရုံး မီးလောင်နေစဥ်၊ ဓာတ်ပုံ - CJ)
(ပေါက်ကွဲမှုဖြစ်ပြီး ဗန်းမော်စုပေါင်းရုံး မီးလောင်နေစဥ်၊ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စစ်ကောင်စီနှင့်ဌာနဆိုင်ရာများ တပ်စွဲထားသည့် စုပေါင်းရုံးကို အင်အားပြင်းဗုံးဖြင့် ယနေ့(သြဂုတ် ၁၀ရက်) နံနက် ၁၁နာရီခန့်တွင် တိုက်ခိုက်ခံလိုက်ရပြီး မီးလောင်ကျွမ်းခဲ့သည်။

“ဗုံးပေါက်ကွဲပြီး မီးတွေ တဟုန်းဟုန်းလောင်နေတာ။ ရုံးထဲကဟာတွေ( ဝန်ထမ်းများ) ထိ၊မထိတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမော်မြို့အခြေစိုက် Urban Revolutionary Force – Bhamo အဖွဲ့က ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့၊ဌာနများနှင့် ဝေးရာတွင်နေထိုင်ကြရန် အထူးသတိပေးချက်ကို ယနေ့ ထုတ်ပြန် ထားသည်။

“ဘယ်အထိ အာဏာစက် ပျံနှံ့နေလဲဆိုတာ သိပြီလား ။ဘယ်အထိ ဘာလုပ်လို့ရလဲဆိုတာ သဘောပေါက်ကြလား။ အချို့လုပ်ကွက်လေးတွေ ချန်ပြီး နေနေတာကို သူတို့တွေ မသိဘူး။ ပြည်သူတွေထိခိုက်မှာ စိုးလို့ချန်နေ တယ်ဆ်ိုပေမယ့် ရှိတဲ့နေရာသီးသန့်အထိ လုပ်လို့ရတယ်။ အခုအချက်ကို ကြည့်ပြီး သဘောပေါက်။ နောက်ထပ် ထပ်လာမယ်ဆိုတာလည်း တစ်ခါတည်း သိထား”ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူတစ်ဦးက လူမှုကွန်ရက် တွင် ရေးသားထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(သြဂုတ်၆ရက်) နံနက်ခင်းပိုင်းက အရာတော် မြို့နယ်တောင်ပိုင်းရှိ မင်းရွာ‌ကြီးနှင့် မြောက်ပိုင်းရှိ အောင်သာကျေးရွာတို့ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MRA အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက ထပ်မံအတည်ပြု နိုင်ခြင်းမရှိသေးပေ။

သတင်း

လက်ရှိတွင် ပျက်ဆီးဆုံးရှုံးမှု အနေအထားနှင့် တန်ဖိုးကိုမူ မီးသတ်ဌာနက ထုတ်ပြန်ထားခြင်း မရှိသေးပေ။

သတင်း

ကရင်ပြည်နယ် မြဝတီနှင့်ကော့ကရိတ် မြို့နယ်တွင် KNU/KNLA နှင့်PDF ပူးပေါင်းတပ်များက အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ခိုက်နေသည်။