Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးနယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ် သေဆုံးမှုများနေ

ယနေ့(သြဂုတ် ၁၀ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်၊ ကုန်းသာရွာနှင့် ရွာမိဿာကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရေဦး၊ ဒီပဲယင်းနယ်များရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

(ရေဦးနယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်များအား ယခုခုနှစ်ဆန်းပိုင်း က တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ရေဦးနယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်များအား ယခုခုနှစ်ဆန်းပိုင်း က တွေ့ရစဥ်။ဓာတ်ပုံ-CJ)

လေကြောင်းပစ်ခတ်နေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ယနေ့နံနက်ပိုင်းက တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု များနေကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ် ၁၀ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်၊ ကုန်းသာရွာနှင့် ရွာမိဿာကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရေဦး၊ ဒီပဲယင်းနယ်များရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုပါပြုလုပ်နေသော်လည်း ၎င်းတို့ဘက်က အကျအဆုံးများပြားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့နံနက်ပိုင်းမှစတင်ကာ ဒီပဲယင်းမြို့နယ်နှင့် ရေဦးနယ်အစပ်ရှိ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ စသည့်ကျေးရွာများအား လေကြောင်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ကျေးရွာများမှ ပြ​ည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

“ရွာသစ်ဘုန်းကြီးကျောင်းနဲ့ ပြည်သူအချို့ ထိခိုက်တာတွေရှိကြောင်း စိတ်မကောင်းစွာ သိရှိရပါတယ်။”ဟု ရေဦးဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ အကြမ်းဖက်စစ်အုပ်စုသည် ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်းရှိ မူးကမ်း-ဆူးတပ်ရွာများကို မီးရှို့ခဲ့ကြသည့်အဖွဲ့များဖြစ်ပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထွက်နေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရေဦးနယ်အနီးရှိ ဒီပဲယင်းမြို့နယ်၊ မူးကမ်းရွာကို ထပ်မံမီးရှို့ဖျက်ဆီး နေပြီး ၃ရက်မြောက် မီးတင်ရှို့နေခြင်းဖြစ်သောကြောင့် ရွာလုံးကျွတ်နီးပါး ဆုံးရှုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီညွှန်ကြားချက်ကိုမလိုက်နာရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့လည်းခြိမ်းခြောက်ထားပါတယ်။

သတင်း

ရွှေကူမြို့နယ် ကျောက်တလုံးရွာမှ ယနေ့နံနက် ၄နာရီခွဲ၌ ရွောအထက်ဘက်သို့ စစ်ကြောင်းထိုး ထွက်လာစဉ် KIA တပ်ရင်း(၅) တပ်ရင်းမှ ဗိုလ်နေရောင် အဖွဲ့ က ကြိုတင် စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

တိုက်ပွဲမှာဆက်လက်ပြင်းထန်လာနိုင်ပြီး အလယ် ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် ဒေသ ခံမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်ရင်ဆိုင်သွားမည်ဟု အသိပေးသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုအား နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နတ်တောင်နဂါး တပ်ခွဲ(၂)ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟူရာမြင်းရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။