Hi, what are you looking for?
မတ်လ ၂၀ရက်တွင် မတူပီအခြေစိုက် ခမရ(၃၀၄)မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ ယာဉ်တန်းကို မတူပီ-ပလက်ဝ လမ်းမပေါ် တွင်မတူပီ CDF၊ချင်းအမျိုးသားတပ်မတော်(CNA)တို့ကဆက်တိုက်ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။
ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့ သိမ်းပိုက်ထားသည့် ထန်တလန်ရဲစခန်းအပါအဝင် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ဖေဖော်ဝါရီ ၉ရက် နံနက်အစောပိုင်းက ရဲစခန်းကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးဒဏ်ရာရများခဲ့ပြီး လက်နက် ၄၂လက်ကို ချင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည်။...