Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာမိသားစုမှ အရေးယူ အပြစ်ပေးရန် ချင်းတပ် CNF တောင်းဆို

အကြမ်းဖက် စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်သည့် စက်ဆုပ်ဖွယ် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူဦးရေ အနည်းဆုံးဖြစ်သည့် ချင်းလူမျိုးများအပေါ် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

(ဖလမ်းမြိုနယ်၊ ဝေဘူလမြိုအား ဧပြီ ၁၀ရက်က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ‌မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ဖလမ်းမြိုနယ်၊ ဝေဘူလမြိုအား ဧပြီ ၁၀ရက်က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ‌မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)

ပြည်သူလူထုများအပေါ် အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နိုင်ငံတကာမိသားစုမှ အရေးယူ အပြစ်ပေးမှုများ ပြုလုပ်ကြရန် အလေးအနက် တောင်းဆိုကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့ရှိ အပြစ်မဲ့ ပြည်သူများကိုဦးတည်ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းအပေါ် CNFက ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၀ရက်တွင် ဝေဘူလမြို့ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် အရပ်သား ၉ ဦးသေဆုံးခဲ့ရသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက် စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်သည့် စက်ဆုပ်ဖွယ် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူဦးရေ အနည်းဆုံးဖြစ်သည့် ချင်းလူမျိုးများအပေါ် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

CNF/CNA ၏အနေဖြင့်လည်း နိုင်ငံရေး ခံယူချက်၊ ဦးတည်ချက်တူညီသည့် ညီနောင်မဟာမိတ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစုများနှင့် အတူ ပြည်သူ့ဘက်က မားမား မတ်မတ် ရပ်တည်ပြီး စစ်အာဏာရှင်နစ် ကျဆုံးသည်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။