နိုင်ငံတကာ
ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ် ဖြစ်ခွင့် ရလာတဲ့အတွက် အရမ်း ဂုဏ်ယူသလို ပြည်သူတွေ၊ လွှတ်တော်မှာ မဲပေးခဲ့ကြတဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုတွေနဲ့ ကိုယ်စားလှယ် အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဆရက်သာက ပြောပါတယ်။
Hi, what are you looking for?
ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ် ဖြစ်ခွင့် ရလာတဲ့အတွက် အရမ်း ဂုဏ်ယူသလို ပြည်သူတွေ၊ လွှတ်တော်မှာ မဲပေးခဲ့ကြတဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုတွေနဲ့ ကိုယ်စားလှယ် အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဆရက်သာက ပြောပါတယ်။
မူလက PTPနဲ့ MFPတို့ဟာ ၈ ပါတီ မဟာမိတ် နိုင်ငံရေး အင်အားစုမှာ အတူလက်တွဲ ပါဝင်ခဲ့ကြပြီး MFPရဲ့ ခေါင်းဆောင် ဖီထာ လင်မ်ဂျာရွတ်ရတ်ကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှာ အဆိုတင်ဖို့ အားထုတ်မှုကို PTP အမတ်တွေက ထောက်ခံပေးခဲ့ကြဖူးပါတယ်။
ဩဂုတ် ၂ ရက်မှာ နိုင်ငံရေး မဟာမိတ် အင်အားစုက MFPက သီးခြားခွဲထွက်သွားတော့မယ့် အကြောင်းကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ကြိုတင် သတင်းထွက်နေပြီး အခုမှ တရားဝင် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
တရားဝင် ကြေညာချက် မထုတ်ပြန်သေးပေမယ့်လည်း နှစ်ဖက် သဘောတူညီမှုအရ MFPဟာ ပြည်ထောင်စု ထိုင်းအမျိုးသားပါတီ (UTNP)၊ ဒီမိုကရက်ပါတီ (TDP)တို့နဲ့ ပူးပေါင်းပြီး အတိုက်အခံ အင်အားစုအဖြစ် ရပ်တည်သွားမယ်လို့ ယုံကြည်ရပါတယ်။