Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

PTPရဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံတော့မှာ မဟုတ်ကြောင်း ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ ကြေညာ

မူလက PTPနဲ့ MFPတို့ဟာ ၈ ပါတီ မဟာမိတ် နိုင်ငံရေး အင်အားစုမှာ အတူလက်တွဲ ပါဝင်ခဲ့ကြပြီး MFPရဲ့ ခေါင်းဆောင် ဖီထာ လင်မ်ဂျာရွတ်ရတ်ကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှာ အဆိုတင်ဖို့ အားထုတ်မှုကို PTP အမတ်တွေက ထောက်ခံပေးခဲ့ကြဖူးပါတယ်။

PTPရဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံတော့မှာ မဟုတ်ကြောင်း ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ ကြေညာ
PTPရဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံတော့မှာ မဟုတ်ကြောင်း ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ ကြေညာ

ဖျူထိုင်းပါတီ (PTP)က အဆိုတင်မယ့် ထိုင်းဝန်ကြီးချုပ်လောင်းကို ထောက်ခံတော့မှာ မဟုတ်ကြောင်း ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာ အများဆုံး အနိုင်ရထားတဲ့ Move Forwardပါတီ (MFP)က ကြေညာခဲ့ပါတယ်။

မူလက PTPနဲ့ MFPတို့ဟာ ၈ ပါတီ မဟာမိတ် နိုင်ငံရေး အင်အားစုမှာ အတူလက်တွဲ ပါဝင်ခဲ့ကြပြီး MFPရဲ့ ခေါင်းဆောင် ဖီထာ လင်မ်ဂျာရွတ်ရတ်ကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှာ အဆိုတင်ဖို့ အားထုတ်မှုကို PTP အမတ်တွေက ထောက်ခံပေးခဲ့ကြဖူးပါတယ်။

ဒါပေမဲ့ ရွေးကောက်ခံ မဟုတ်တဲ့ ထိုင်းအထက်လွှတ်တော် အမတ် အများစုရဲ့ တူးတူးခါးခါး ငြင်းဆိုမှုကြောင့် ဖီထာရဲ့ ဝန်ကြီးချုပ် ဖြစ်ခွင့် မျှော်လင့်ချက်တွေ ပျက်ပြယ်ခဲ့ပြီး MFPကလည်း PTPရဲ့ ဝန်ကြီးချုပ် တင်မြှောက်ရေးအတွက် လက်ရှောင်ပေးဖို့ သဘောတူခဲ့ပါတယ်။

အခြေအနေတွေက နောက်ပိုင်းမှာ ပိုရှုပ်ထွေးလာခဲ့ပြီး ကွန်ဆာဗေးတစ်တွေနဲ့ အထက်လွှတ်တော် အမတ်တွေက PTPသာ MFPနဲ့ ဆက်လက် ပူးပေါင်းနေမယ်ဆိုရင် PTPက အဆိုတင်မယ့် ဝန်ကြီးချုပ်လောင်းကို လွှတ်တော်မှာ ထောက်ခံမဲ မပေးဘူးလို့ အကျပ်ကိုင်ခဲ့ကြပြန်ပါတယ်။ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ PTPဟာ နောက်ဆုံးမှာတော့ MFPနဲ့ လမ်းခွဲပြီး ကွန်ဆာဗေးတစ်တွေနဲ့ ပူးပေါင်းဖို့ သဘောတူခဲ့ပါတယ်။ PTPဟာ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဆရက်သာ သာဗီဆင်ကို ဝန်ကြီးချုပ်သစ် အနေနဲ့ တင်မြှောက်သွားမယ်လို့လည်း ကြေညာထားပါတယ်။

အခုအခါ အတိုက်အခံ ပါတီအဖြစ် ရပ်တည်ရတော့မယ့် MFPက သူတို့ရဲ့ မဟာမိတ်ဟောင်း ပါတီက အဆိုတင်မယ့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံပေးတော့မှာ မဟုတ်ကြောင်း ဩဂုတ် ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ရွေးကောက်ပွဲ ရလဒ်ကို မထင်ဟပ်စေတဲ့အပြင် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုရာ ရောက်နေတယ်လို့ MFPက စွပ်စွဲပါတယ်။

PTPဟာ ထိုင်းကွန်ဆာဗေးတစ်တွေနဲ့ နီးစပ်တဲ့ ထိုင်းစစ်တပ်နဲ့ ခါးသီးတဲ့ အတိတ်တွေ ရှိခဲ့ဖူးပေမယ့်လည်း အာဏာရရေးအတွက် MFPကို စွန့်ခွာပြီး ဘက်ပြောင်းသွားတဲ့ သဘောပါပဲ။ ထိုင်းစစ်တပ်ဟာ PTPရဲ့ ဝန်ကြီးချုပ်တွေကို အင်အားသုံး ဖယ်ရှားပြီး ၂၀၀၆ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ အာဏာသိမ်းခဲ့ဖူးပါတယ်။

PTPရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ချိုလ်နန် ဆရီကော်က ဩဂုတ် ၁၈ ရက်ကနေ ၂၂ ရက်နေ့အတွင်း တစ်ရက်ရက်မှာ ထိုင်းဝန်ကြီးချုပ်သစ် တင်မြှောက်ရေးကိစ္စ လွှတ်တော်မှာ မဲခွဲ အတည်ပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ပြီးတော့ MFPရဲ့ ဆုံးဖြတ်ချက်နဲ့ သဘောထားကို လေးစားပါကြောင်း၊ PTPဟာ ပါတီအားလုံးနဲ့ လက်တွဲ အလုပ်လုပ်ဖို့ ရည်စူးထားကြောင်း သူက ဆက်လက် ပြောဆိုသွားပါတယ်။