Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အထက်အရာရှိတွေကို ဝေဖန်ခဲ့တဲ့ ရုရှားဗိုလ်ချုပ်တစ်ဦး ရာထူးက ဖယ်ရှားခံရ

သူက တပ်သားတွေကို လိပ်မူထားတဲ့ အသံဖိုင်ဟာ Telegramမှာ ပျံနှံ့လာရာမှာ ပိုပေါ့ဗ်က သူ့ကို ထုတ်ပယ်လိုက်တာဟာ စစ်မြေပြင်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တာကြောင့်လို့ ပြောကြားထားပါတယ်။

အထက်အရာရှိတွေကို ဝေဖန်ခဲ့တဲ့ ရုရှားဗိုလ်ချုပ်တစ်ဦး ရာထူးက ဖယ်ရှားခံရ
အထက်အရာရှိတွေကို ဝေဖန်ခဲ့တဲ့ ရုရှားဗိုလ်ချုပ်တစ်ဦး ရာထူးက ဖယ်ရှားခံရ

အထက်အရာရှိတွေနဲ့ စစ်ရေးဗျူဟာတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တာကြောင့် ယူကရိန်း စစ်မြေပြင်ရောက် ရုရှား ဗိုလ်ချုပ်တစ်ဦး ရာထူးကနေ ထုတ်ပယ် ခံလိုက်ရပါတယ်။

ဗိုလ်ချုပ် အိုင်ဗန် ပိုပေါ့ဗ်ဟာ ရုရှားရဲ့ အမှတ် ၅၈ ပူးပေါင်း စစ်ဆင်ရေး တပ်မ အကြီးအကဲဖြစ်ပြီး ယူကရိန်း တောင်ပိုင်းက စစ်ဆင်ရေးတွေကို စီမံ ကွပ်ကဲနေသူပါ။ ပိုပေါ့ဗ်က သူ့တပ်တွေဟာ နားချိန်မရှိဘဲ တောက်လျှောက် တိုက်ခိုက်နေရပြီး စစ်ပန်းနေတာကို စိုးရိမ်ကြောင်း ပြောခဲ့သလို ရုရှားရဲ့ ယူကရိန်း စစ်ပွဲဆိုင်ရာ မဟာဗျူဟာ အစီအမံတွေကိုလည်း ဝေဖန်ခဲ့ရာက ရာထူးကနေ ဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။

သူက တပ်သားတွေကို လိပ်မူထားတဲ့ အသံဖိုင်ဟာ Telegramမှာ ပျံနှံ့လာရာမှာ ပိုပေါ့ဗ်က သူ့ကို ထုတ်ပယ်လိုက်တာဟာ စစ်မြေပြင်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တာကြောင့်လို့ ပြောကြားထားပါတယ်။

ခေတ်သစ် စစ်ပွဲတွေမှာ ကြေကွဲစရာ အကောင်းဆုံး အခြေအနေဆိုးတွေကို သူသတိပြုမိကြောင်း၊ ရုရှားတပ်တွေဟာ လက်နက်ကြီး၊ ကင်းထောက်စနစ်နဲ့ တန်ပြန်ထိုးစစ်ဆိုင်ရာ အထောက်အပံ့တွေ ဘာမှ မရသလို ရန်သူ့ လက်နက်ကြီး ပစ်အားကြောင့် အတုံးအရုံး သေကြေ ဒဏ်ရာရတာတွေ ကြုံနေကြောင်း ပိုပေါ့ဗ်က အဲဒီ အသံဖိုင်ထဲမှာ မှတ်ချက် ပေးထားပါတယ်။

ယူကရိန်း တောင်ပိုင်းက ဇာပေါ့ရစ်ဇီရာ ပြည်နယ်မှာ တာဝန်ကျနေခဲ့တဲ့ ဗိုလ်ချုပ် ပိုပေါ့ဗ်က သူ့ရဲ့ အထက်အရာရှိ ရုရှား စစ်ဦးစီးတွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ထားခဲ့ပါတယ်။ ယူကရိန်း စစ်သားတွေဟာ ရုရှားရဲ့ ရှေ့ဆုံးတန်း ခံစစ်ကြောင်းကိုတောင် မထိုးဖောက်နိုင်ကြောင်း၊ ဒါပေမဲ့ နောက်တန်းမှာ ရှိနေတဲ့ စစ်ဦးစီးတွေက စစ်ပွဲရဲ့ အရေးအကြီးဆုံးနဲ့ တင်းမာမှု အမြင့်မားဆုံး ကာလတွေ ရောက်လာရင် စစ်သားတွေကို သစ္စာပြန်ဖောက်သလို လုပ်နေကြကြောင်း သူက ဆိုပါတယ်။

ပိုပေါ့ဗ်က စစ်မြေပြင်မှာ လက်တွေ့ကြုံနေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆိတ်ဆိတ်နေမလား၊ အတိအလင်း ထုတ်ပြောမလား ဆိုတာကို ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်လို့လည်း သူ့တပ်သားတွေဆီ အသိပေးထားပါတယ်။

သူဟာ တပ်ထဲ စရောက်ကတည်းက ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း အရှိကို အရှိအတိုင်း ပြောခဲ့ကြောင်း၊ အခုအခြေအနေကိုလည်း အမှန်အတိုင်း ပြောချင်ကြောင်း၊ ရုရှားစစ်တပ်ဟာ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ ခက်ခဲတဲ့ ပြဿနာတွေ ရင်ဆိုင်နေရကြောင်း၊ စစ်မြေပြင်မှာ အသက်ပေးခဲ့ရတဲ့ စစ်သည် တစ်ဦးချင်းစီရဲ့ မျက်နှာကို ထောက်ပြီး သူက လိမ်ညာ ဖုံးကွယ်နေစရာ ဘာအကြောင်းမှ မရှိဘူးလို့ ယုံကြည် လက်ခံကြောင်း ပိုဗော့ဗ်က ပြောကြားသွားပါတယ်။

ပိုပေါ့ဗ်ကို ထုတ်ပယ်ခဲ့တာနဲ့ ပတ်သက်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ရုရှား စစ်ဦးစီးတွေရဲ့ ညံ့ဖျင်းမှုကို အတိအလင်း ဝေဖန် စွပ်စွဲပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းမှာလည်း ရုရှား ကြေးစားတပ် Wagnerရဲ့ ပုန်ကန်မှု ပေါ်ပေါက်ခဲ့ဖူးပါတယ်။