Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်ရှိ စစ်သားစုဆောင်းရေးတပ်ကို ​ဒေသကာကွယ်​ရေးတပ်ကနှစ်ကြိမ်မြောက်သွားရောက်ပစ်ခတ်တိုက်ခိုက်

ဇူလိုင်လ( ၉ )ရက်နေ့ ညနေ ( ၄ ) နာရီခွဲခန့်က အရာတော်မြို့အခြေစိုက် အမှတ်( ၁၀) စစ်သားစုဆောင်းရေးတပ်အား​ ဒေသတွင်းတော်လှန်ရေးအင်အားစုများကလက်လုပ်(၁၀၇)မမဖြင့်သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(အရာတော်မြို့အခြေစိုက် အမှတ်( ၁၀) စစ်သားစုဆောင်းရေးတပ်အား​ဒေသခံ​တော်လှန်​ရေးအဖွဲ့များက လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-DFLPDF)
(အရာတော်မြို့အခြေစိုက် အမှတ်( ၁၀) စစ်သားစုဆောင်းရေးတပ်အား​ဒေသခံ​တော်လှန်​ရေးအဖွဲ့များက လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-DFLPDF)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စစ်သားစုဆောင်းရေးတပ်ကို ၅ ရက်အတွင်းနှစ်ကြိမ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇူလိုင်လ( ၉ )ရက်နေ့ ညနေ ( ၄ ) နာရီခွဲခန့်က အရာတော်မြို့အခြေစိုက် အမှတ်( ၁၀) စစ်သားစုဆောင်းရေးတပ်အား​ ဒေသတွင်းတော်လှန်ရေးအင်အားစုများကလက်လုပ်(၁၀၇)မမဖြင့်သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မကြာခဏ စစ်ကြောင်းထိုးနေလို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။”ဟုပြန်ကြားရေးတာဝန်ခံကပြောသည်။

မြေပြင်ကင်းထောက်များ၏ သတင်းပို့ချက်အရ စစ်အုပ်စု၏ ကတုတ်ကျင်းကင်းတဲဘေးသို့ကျရောက်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု အထက်ပါ တာဝန်ခံကဆိုသည်။

စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

စစ်ကောင်စီဘက်ကလည်း ပစ်ခတ်ခံရပြီး​နောက် လက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း တော်လှန်ရေးရဲဘော်များကပြောသည်။

ထိုစစ်ဆင်ရေးကို အမှတ်(၁)စစ်ဒေသ ၊ မုံရွာခရိုင်ကွပ်ကဲရေးမှူး ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် Danger Force LPDF နှင့် မုံရွာခရိုင်တပ်ရင်း( ၆ ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုအပြင် ဇူလိုင်လ( ၅)ရက်နေ့ နံနက် ( ၄ ) နာရီခွဲခန့်ကလည်း ထိုစစ်သားစုဆောင်းရေးတပ် ( အရပ်ခေါ် အရှေ့တပ်)ကိုပင် Danger Force LPDF အဖွဲ့နှင့် မဟာမိတ်အဖွဲ့များက ၁၀၇ မမ ၊ ၈၀ မမ ၊ ၆၀ မမ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်ရှိကြောင်း သိရသည်။