မန္တလေး ကမ်းနားလမ်း အငှားအိမ်ရာတွင် အခန်းငှားခ မသွင်းသည့် (၈)ခန်းကို နေထိုင်သူများ ဖယ်ရှားကာ ချိတ်ပိတ်၊

တိုက်ခန်းငှားရမ်းခများ အကြွေးမကျန်ရှိစေရန်အတွက် လစဉ် ကွင်းဆင်း စစ်ဆေးမည်ဖြစ်ပြီး စည်းကမ်းဖေါက်ဖျက်ပါက စာချုပ်ပါ စည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်မည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံဌာနမှူး ဦးမောင်မောင်မြင့်က ပြောသည်။