close

သန်လျင်ပစ်ခတ်မှုတွင် ဒုဗိုလ်မှူးကြီးဟောင်း သေဆုံး၊ ညီဖြစ်သူလေတပ်အရာရှိ လွတ်မြောက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် ယနေ့ (ဧပြီ ၁၈) နံနက်ပိုင်းက ဖြစ်ပွားသည့် ပစ်ခတ်မှုအတွင်း လူသုံးဦး သေဆုံးရာ၌ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အငြိမ်းစားစစ်တပ်အရာရှိလည်း ပါဝင်ပြီး ၎င်း၏ ညီဖြစ်သူ လေတပ်အရာရှိ လွတ်မြောက်သွားသည်။ သန်လျင်မြို့၊ ထန်းပင်ကုန်းရပ်ကွက်ရှိ အိမ်နံပတ် (၃၆) တွင် ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသူ သုံးဦးမှာ အသက် ၄၈ နှစ်အရွယ် ဦးအောင်ညီထွန်း၊ ၅၃ နှစ်အရွယ် ဦးအောင်မျိုးဆွေနှင့် ၅၈ နှစ်အရွယ် ဦးခင်မောင်သိန်းတို့ဖြစ်ကြောင်း၊ ၎င်းတို့သုံးဦးလုံးမှာ ဆွေမျိုးတော်စပ်သူများဖြစ်ကြောင်း သိရသည်။

ဦးအောင်ညီထွန်းသည် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် ကြည်းတပ်မှ အငြိမ်းစားယူထားသူဖြစ်ကာ ၎င်း၏ ညီအရင်းဖြစ်သူ ကျော်စွာထွန်းသည် လေတပ်တွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦး ဖြစ်သည်ဟု သိရှိရသည်။ ကျော်စွာထွန်းမှာ ၎င်း၏ အစ်ကိုဖြစ်သူနှင့်အတူ ခြံဝင်းတစ်ဝင်းထဲတွင် အတူနေထိုင်သော်လည်း လုပ်ကြံခံရသည့်အချိန်တွင် အိမ်တွင်မရှိကြောင်း လုပ်ကြံခံရသူ ဦးအောင်မျိုးဆွေ၏ သားတစ်ဦးက Myanmar Now ကို ပြောဆိုသည်။

တောင်ငူထောင်ဖောက်ပြီး အောင်မြင်စွာ လွတ်မြောက်သူများမှာ စစ်သင်တန်းတက်ရောက်ပြီးသူများဖြစ်

တောင်ငူ အကျဉ်းထောင်၌ ချုပ်နှောင်ခံထားရစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်များကိုလုယူ ထွက်ပြေးနိုင်ခဲ့သည့် တပ်ဖွဲ့ဝင် ၁၀ဦးအနက် ၉ဦး တပ်ရင်းထံပြန်ရောက်ပြီဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံမှသိရသည်။

“ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်”

အာဏာသိမ်းစစ်တပ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကို အကြောင်းပြပြီး မပြီးပြတ်သေးတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောလိုက်ပါတယ်။