close

ပုသိမ်ကြီးတွင် ဈေးသွားသည့် စစ်သားများ ပစ်ခတ်ခံရ၊ တစ်ဦး ပွဲချင်းပြီးသေ

မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ပစ်ခတ်မှုတွင် စျေးသွားသည့် စစ်သား ၃ ဦး ထိခိုက်သွားသည်၊ သင်္ကန်းဝတ် သေနတ်သမားများက ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

ပုံစာ- ၂၀၂၁ မေလအတွင်း ရန်ကုန်မြို့ပေါ်တွင် ဆန္ဒပြသူများကို လိုက်လံရှာဖွေနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ- STR/AFP via Getty Images)

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် ယနေ့ (ဧပြီ ၂၀) နံနက်က ဈေးဝယ်ပြန်လာသော စစ်သားများ ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

နံနက် ၇ နာရီခန့်တွင် မော်တော်ယာဉ်ပေါ်မှ သေနတ်သမားများက မန္တလေး-မတ္တရာ ကားလမ်းပေါ်ရှိ မြကန်သာကျေးရွာဈေးသို့ လာသော ထိုစစ်သား ၃ ဦးကို ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ထိုမြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“Light Truck တစ်စီးပေါ်ကနေ ပစ်သွားတာ။ ၁၀ ချက်လောက် ရှိတယ်။ ပစ်သံတွေလည်း ဈေးအနီးတစ်ဝိုက် ဆူညံနေတာပဲ” ဟု သူက ဆိုသည်။

ပစ်ခတ်ခံရသူတို့သည် မြကန်သာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အစောင့်ကျနေသည့် စစ်သားများဖြစ်ပြီး ပွဲချင်းပြီးသေဆုံးသူမှာ ဗိုက်နှင့် ဦးခေါင်းတွင် ကျည်ထိမှန်ခဲ့ကြောင်း၊ နောက်နှစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း သူက ဆက်ပြောသည်။

“နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့)” ဟု အမည်ပေးထားသောအဖွဲ့က ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ၄၆ စက္ကန့်ကြာမြင့်သည့် ရုပ်သံမှတ်တမ်းကို အွန်လိုင်းသတင်းဌာများထံ ပေးပို့ခဲ့သည်။ ကားပေါ်မှ ပစ်ခတ်နေသည့် သေနတ်သမားတို့ သင်္ကန်းဝတ်ထားသည်ကို ရုပ်သံတွင် တွေ့ရသည်။

သေနတ်သမားတို့ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးပေ။

အလားတူ စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင်လည်း ပွဲချင်းပြီးသေဆုံးနေသော စစ်သားတစ်ဦးနှင့် ဒဏ်ရာရနေသော စစ်သားတစ်ဦးပုံကို ထုတ်ပြန်ထားပြီး သင်္ကန်းဝတ်ထားသည့် ၈ ဦးက Light Truck ကားတစ်စီးဖြင့် ရောက်လာကာ ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ အနီး၌ AK-47 ကျည် ၂ တောင့်၊ ကျည်ခွံ ၅ ခုတို့ကို တွေ့ရကြောင်း ရေးသားဖော်ပြနေကြသည်။

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြထားသည့် စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရပြီးနောက် သေဆုံးနေစဉ်။

အဆိုပါကားသည် မြကန်သာရွာလမ်းအတိုင်း မောင်းနှင်သွားပြီး ရွာထိပ်တံတားအနီး သင်္ကန်း၂ ထည် ကျကျန်ရစ်ခဲ့ကြောင်း၊ ဖမ်းဆီးရမိရေး ပိတ်ဆို့ဆောင်ရွက်နေကြောင်း ရေးသားထားကြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများသည် ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်လမ်းများ၌ ပိတ်ဆို့ရှာဖွေနေပြီး ကားများကို ပစ်မှတ်ထား စစ်ဆေးရှာဖွေနေသည်ဟု သိရသည်။

ပုသိမ်ကြီးတွင် စျေးဝယ်ထွက်သော စစ်သား ၃ ဦးကို တိုက်ခိုက်မှုရုပ်သံမှတ်တမ်းကို ဖြန့်ခဲ့သည့်အဖွဲ့သည် အခြားမဟာမိတ်အဖွဲ့ ၃ ဖွဲ့နှင့် ပူးပေါင်းကာ ဧပြီ ၇ ရက်နေ့တွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း ကျောက်ဆည်လေးကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒရုန်း ၄ စင်းဖြင့် ဗုံးသီးချ သွားရောက်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းဖိုင်ကိုလည်း မကြာသေးမီက ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့ကလည်း ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် လျှပ်စစ်ဓါတ်အားခွဲရုံ အစောင့်ကျနေသည့် ရဲတပ်ကြပ်တစ်ဦး ကွမ်းယာဝယ်ထွက်စဉ် ပစ်သတ်ခံရသည်။

ယမန်နှစ် နှစ်လယ်က မြို့ပြပြောက်ကျား ၄၀ ထက်မနည်း ဖမ်းဆီးခံထားရသော မန္တလေးမြို့တွင် ပြောက်ကျားတိုက်ခိုက်မှုများ အရှိန်လျော့ကျမသွားဘဲ ဆက်ရှိနေရာ စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သား၊ အုပ်ချုပ်ရေးဝန်ထမ်းများ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။