close

အရပ်သားကို မီးရှို့နှိပ်စက်မှု စစ်ဆေးနေပြီဟု SSPP ဆို

ကြိုးတုပ်ခံထားရသည့် အရပ်သားကို မီးမြှိုက်ပြီး စစ်ကြောမေးမြန်းမှုအတွက် ကျူးလွန်သူများကို စစ်ဆေးနေဆဲဖြစ်သည်ဟု SSPP/ SSA ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

SSPP အဖွဲ့ဝင်များ အရပ်သားတစ်ဦးကို စစ်ဆေးနေသည်ဆိုသော ရုပ်သံဖိုင်ကို တွေ့ရစဉ်။

အရပ်သားတစ်ဦးကို မီးရှို့နှိပ်စက်မှုအတွက် တာဝန်ရှိသူများကို စစ်ဆေးအရေးယူရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်ကြားတွင် လက်ပြန်ကြိုးတုပ်ခံထားရသော အရပ်သားတစ်ဦးကို သစ်ပင်တွင် ကြိုးဖြင့် တွဲလောင်း ချိတ်ကာ မီးရှို့စစ်ဆေးမေးမြန်းနေသည့် ရုပ်သံမှတ်တမ်းဖိုင်တစ်ခု အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ လာခဲ့သည်။

မီးပုံပေါ်တွင် အပူဒဏ်ကြောင့် ထိုအမျိုးသား တွန့်လိမ်လှုပ်ရှားနေပုံကို မှတ်တမ်းရုပ်သံတွင် တွေ့ရသည်။

အွန်လိုင်းတွင် ဝေဖန်မှုမြင့်တက်နေသော မီးရှို့၊ နှိပ်စက် စစ်ဆေးနေသည့်ကိစ္စအတွက် အဆိုပါ တပ်ဖွဲ့ဝင်များကို စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း SSPP/SSA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ဘာပဲပြောပြော စစ်ဆေးရေးလုပ်တယ်ဆိုတာက‌တော့ တချို့ဟာတွေက အကြမ်းနည်း သုံးတာလည်း ရှိတယ်၊ ဒါပေမဲ့ ဒီဟာကတော့ မလုပ်သင့်၊ မလုပ်ထိုက်တာ ပါသွားတဲ့အတွက် ကျွန်တော်တို့လည်း ပြန်ပြီးတော့ စစ်ဆေးမှာပေါ့ဗျာ” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

“ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေက လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကို တာဝန်ယူမှု တာဝန်ခံမှုအတွက် ကျွန်တော်တို့ လုပ်ပေးရမှာဖြစ်တယ်၊ ဆိုတော့ ဒါကို နောက်နောင်မဖြစ်ဖို့ ကျွန်တော်တို့ဗဟိုဌာနချုပ်က ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်တယ်”

ပါဝင်သူများကို စုံခုံဖွဲ့ကာ စစ်ဆေးနေဆဲဖြစ်ကြောင်း၊ မည်သို့အရေးယူ အပြစ်ပေးမည်ကို စီရင်ချက် မချရသေးကြောင်း ၎င်းက ပြောသည်။

မီးရှို့နှိပ်စက်ခံရသည့် အရပ်သားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့၏  သတင်းပေးဖြစ်သည်၊ SSPP/SSA ယာဉ်တန်းတချို့ မိုင်းဆွဲတိုက်ခိုက်မှုတွင်လည်း ပါဝင်ပတ်သက်နေသည်ဟုလည်း ၎င်းက စွပ်စွဲလိုက်သည်။

ထိုအမျိုးသားကို ဆက်လက် ထိန်းသိမ်းထားကြောင်း၊ မီးပုံပေါ်တွင် နှိပ်စက်ခံရသော်လည်း ဒဏ်ရာမရရှိကြောင်း  SSPP/SSA အဖွဲ့က ပြောသည်။

ဧပြီလအတွင်း မိုင်းကိုင်၊ လဲချားမြို့နယ်တို့တွင် ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီး အရပ်သားများကို နှစ်ဖက်လုံးက မကြာခဏ ဖမ်းဆီးစစ်ဆေးနေသည်။

RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ထိုးထားသည်။ လက်မှတ်မထိုးထားသော SSPP သည် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလားအဖွဲ့ဟု လူသိများသည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) တို့နှင့်အတူ ဇန်နဝါရီလတွင် နေပြည်တော်သို့ သွားရောက်ပြီး အာဏာသိမ်းစစ်တပ်၏ ငြိမ်းချမ်းရေးဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။