close

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်၊ ဒုံးပိုက်ရွာ၌ သေဆုံး ၁၄ ဦးရှိ

မိုခါမုန်တိုင်းဗဟိုချက်တွင် ကျရောက်ခဲ့သော စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် ပျက်စီးမှုများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ကာ ထိခိုက်သေဆုံးမှုများလည်း ဆက်လက်ထွက်ပေါ်နေသည်။

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရသေ့တောင်မြို့။ ဓာတ်ပုံ - Western News

ရခိုင်ကမ်းရိုးတန်းမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ဖြတ်ကျော်ခဲ့သည့် ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်အတွင်း ထိခိုက်သေဆုံးမှုများ ဆက်တိုက်ထွက်ပေါ်လာနေရာ ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်ရွာတွင် သေဆုံးသူ ၁၄ ဦး ရှိသည်ဟု လွှတ်တော်အမတ်ဟောင်း ဒေါ်ခင်စောဝေက ယနေ့ (မေ ၁၆) နံနက်ပိုင်းတွင် ပြောသည်။

မောင်တော – အငူမော်ကားလမ်းဘေးရှိ ဒုံးပိုက်ရွာမှ ဒေသခံများမှာ မုန်တိုင်းအန္တရာယ်မှ ကင်းလွတ်ရေး ခေတ္တခိုလှုံနေသည့် ဓမ္မာရုံပြိုကျကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ၁၄ ဦးတွင် ၇ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသမီး ၉ ဦးပါသည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်းက ဆိုသည်။

“သူတို့က ဓမ္မာရုံမှာ လာခိုနေကြတဲ့အချိန်မှာ ဓမ္မာရုံကြီး ပြိုကျတဲ့အတွက် သေတာလို့တော့ သိရပါတယ်။ တိတိကျကျ ဆက်သွယ်လို့မရသေးတဲ့အတွက် ဘယ်သူတွေ ဘယ်ဝါတွေဆိုတာတော့ မသိရသေးဘူး” ဟု ဒေါ်ခင်စောဝေက ပြောသည်။

မုန်တိုင်းဒဏ်ကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲဖြစ်ကာ ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာမှ ဓမ္မာရုံပြိုကျစဉ် ခိုလှုံနေသူအရေအတွက်နှင့် အခြားထိခိုက်ဒဏ်ရာရသူများ ရှိမရှိ မသိရသေးပေ။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် ပျက်စီးမှုများရှိနေပြီး ရသေ့တောင်တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ပျက်စီးမှု ၉၀ ရာခိုင်နှုန်းအထက်ရှိသည်ဟု သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရကြောင်း ဒေါ်ခင်စောဝေက ပြောသည်။

တိုက်ဖွန်းမုန်တိုင်းများအကြောင်း သတိပေးစင်တာ Joint Typhoon Warning Center ၏ အဆိုအရ အလွန့်အလွန်ပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှစ်ခုကြားမှ စစ်တွေမြို့ကို ဗဟိုပြု၍ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မိုခါမုန်တိုင်းဗဟိုချက်တွင် ကျရောက်ခဲ့သော စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် ပျက်စီးမှုများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ကာ ထိခိုက်သေဆုံးမှုများလည်း ဆက်လက်ထွက်ပေါ်နေသည်။ စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် မုန်တိုင်းကြောင့် သေဆုံးသူ ရာချီရှိသည်ဆိုသော ကနဦးသတင်းများလည်း ထွက်ပေါ်နေသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၃ ဦး ရှိကြောင်း စုစုပေါင်း လူနေအိမ် ၈၆၄ ဦး၊ သာသနိကအဆောက်အအုံ ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ တိုင်၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အအုံ ၃၈ လုံး ပျက်စီးသည်ဟု အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။