close

ပလိပ်မြို့ မီးရထားဆေးရုံမှ ဆရာဝန်ကြီးတစ်ဦး ပစ်သတ်ခံရ

စဉ့်ကိုင်မြို့နယ်ရှိ ဆေးခန်းတစ်ခု ပစ်ခတ်မှုတွင် ဆရာဝန်တစ်ဦး သေဆုံးသွားသည်။ သတ်ဖြတ်သူ မည်သူဖြစ်ကြောင်း မသိရသေးပေ။

ပစ်ခတ်မှု ဖြစ်ပွားရာ ဒေါက်တာတင်ချိုချိုကို၏ ဆေးခန်း။

မန္တလေးတိုင်း၊ မြစ်ငယ်မြို့ မီးရထားဆေးရုံမှ ဆရာဝန်တစ်ဦး ယမန်နေ့ (မေ ၁၅) ညနေ ၆ နာရီခွဲခန့်က ပစ်သတ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။

ဒေါက်တာတင်ချိုချိုကိုသည် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ ဈေးကွက်သစ်ရပ်ကွက်၊ လျှပ်စစ်ရုံးရှေ့ရှိ ၎င်း၏ ဆေးခန်းတွင် ရှိနေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု သိရကြောင်း ဒေသခံ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးက မျက်မြင်သက်သေတစ်ဦးကို ကိုးကား၍ ပြောသည်။

“ဆေးခန်းလာပြဟန်ဆောင်ပြီး ပစ်သတ်သွားတာ။ အမျိုးသားနှစ်ဦးက လာပစ်သွားတယ်လို့ပဲ သိရတယ်။ ပွဲချင်းပြီး ဆုံးတာပါ” ဟု ထိုအမျိုးသားက ပြောသည်။

လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်၊ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာကို စစ်ကောင်စီတပ်သားတို့ သွားရောက် စစ်ဆေးခဲ့သည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

ဆိုင်ကယ်နှင့် လာကာ ပစ်ခတ်သွားသည်ဆိုသော အမျိုးသားနှစ်ဦး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးပေ။

ထိုဖြစ်ရပ်ပေါ်ပေါက်ပြီး နာရီပိုင်းအတွင်း စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းဖော်ပြသည်ကို တွေ့ရပြီး ဆေးခန်းအတွင်း ရုပ်အလောင်းအနီးတွင် Thai Arms 9mm အမျိုးအစား ကျည်ခွံတစ်ခု တွေ့ရှိရသည်ဟု သတင်းရေးထားသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူလည်းဖြစ်သည်ဟုပင် ဖော်ပြထားသည်။

မြစ်ငယ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးကမူ ဒေါက်တာတင်ချိုချိုကိုသည် ပလိပ်မြို့ဇာတိဖြစ်ပြီး၊ မြစ်ငယ်မီးရထားဆေးရုံသို့ ပြောင်းလာသည်မှာ မကြာသေးကြောင်း၊ CDM နှင့်လည်း မသက်ဆိုင်ကြောင်း Myanmar Now ကို ပြောသည်။

“သူက ဘယ်တုန်းကမှ CDM မလုပ်ခဲ့ပါဘူး။ နောက်ပြီး ကျွန်မတို့ ကြားတာတော့ပေါ့နော်၊ သူက ဆရာဝန်တွေ CDM လုပ်တာနဲ့ ပတ်သက်ပြီး ဖိအားပေးတာတွေ ရှိတယ်။ သူ့ကြောင့် ကြောက်ပြီး အလုပ်ပြန်ဝင်သွားတာတွေ ရှိတယ်။ နောက် အလုပ်ပြန်ဝင်လာတဲ့ ဝန်ထမ်းတွေကို ဖိနှိပ်တာတွေ ရှိတယ်။ ပြဿနာရှာတာတွေ ရှိတယ်” ဟု ၎င်းက ပြောပြသည်။ 

“ဘယ်ဘက်က သတ်လဲကတော့ ပြောလို့လဲမရဘူး။ Personal (ကိုယ်ရေးကိုယ်တာ) ကိစ္စတွေလား၊ နိုင်ငံရေးကြောင့်လား ဆိုတာ။ အခုက ဘာကိစ္စမဆို လက်နက်နဲ့ ဖြေရှင်းနေကြတာလေ၊ ခိုးဆိုးလုနှိုက်ဆိုလည်း လက်နက်တွေနဲ့ပဲ ဆိုတော့”

အာဏာဖီဆန်ဖူးသည့် ဝန်ထမ်းများကို အနိုင်ကျင့်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို ဒေါက်တာတင်ချိုချိုကို သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

မန္တလေးတိုင်းအတွင်းရှိ ပုလိပ်မြို့အပါအဝင် မြစ်သား၊ စဉ့်ကိုင်၊ မြစ်ငယ် အစရှိသည့် မြို့များသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှု အားကောင်းခဲ့သည့် ဒေသများဖြစ်သည်။ စစ်ကောင်စီ၏ လက်အောက်တွင် အလုပ်မလုပ်လိုဟု ဆိုကာ အာဏာဖီဆန်ခဲ့ကြသည့်အထဲတွင် မြစ်ငယ်မြို့ မီးရထားဝန်ထမ်းများမှာ ထင်ရှားသူများ ဖြစ်သည်။

အဆိုပါ မြို့များကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့သလို ယင်းဒေသများတွင်လည်း လက်နက်ကိုင်ခုခံတော်လှန်သည့်အဖွဲ့များ ပေါ်ပေါက်လာကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။