close

စစ်တွေရှိ ရိုဟင်ဂျာဒုက္ခသည်များ မုန်တိုင်းအတွင်း ရေနစ်သေဆုံးပြီး ပျောက်ဆုံးမှုများလည်း ရှိနေကြောင်း ကုလပြောကြား

ဓာတ်ပုံ - Getty Images

ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် သေဆုံးမှုများရှိနေသည့်အပေါ် စိစစ်ရန် ကြိုးပမ်းနေဆဲဖြစ်ကာ ပျောက်ဆုံးနေသူ အများအပြားရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) တာဝန်ရှိသူက ယနေ့ (မေ ၁၆) ပြောသည်။

“ရခိုင်ပြည်နယ်နဲ့ အခြား မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေမှာ သေဆုံးမှုတွေရှိနေတဲ့အကြောင်း သိရတဲ့အတွက် UNHCR အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ ကနဦးရတဲ့အချက်အလက်တွေအရ ဒုက္ခသည်စခန်းတွေမှာ ရေနစ်သေဆုံးကြတာပါ။ ပျောက်ဆုံးနေတာတွေလည်း ရှိပါတယ်” ဟု UNHCR ၏ ပြန်ကြားရေးအရာရှိ Reuben Lim က ဆိုသည်။

အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် UNHCR အနေဖြင့် ဒုက္ခသည်စခန်းများကို ဝင်ရောက် စိစစ်နိုင်ရေး ကြိုးပမ်းနေဆဲဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းအချို့ကို Myanmar Now က ယနေ့ သွားရောက်စုံစမ်းစဉ် ဘုမေ (ဘာဆာ) ရပ်ကွက်နှင့် အနီးတစ်ဝိုက်တွင် သေဆုံးသူ ၂၀ ထက်မနည်း ရှိနေသည်ကို ကနဦးသိရှိရသည်။

ဘုမေ (ဘာဆာရာ) အကွက် (၁၇) တွင် သေဆုံးသူများအနက် အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ချူနားမေ (၅၀ နှစ်)၊ ဘာနု (၆၅ နှစ်)၊ ချောဂျီဒါ (၂၅ နှစ်)၊ အဒူဂေါ်နီ (၄၀ နှစ်)၊ မဇူရ (၄၅ နှစ်) တို့ ဖြစ်သည်ဟု ရုပ်အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်ရာတွင် ပါဝင်ခဲ့သူ ရော်အေးမျာက

အတည်ပြုသည်။

၂၀၂၂ ပြည့်နှစ်က စာရင်းများအရ စစ်တွေမြို့အနီးတွင် ရိုဟင်ဂျာဒုက္ခသည်စခန်းပေါင်း ၁၃ ခုရှိပြီး ခိုလှုံနေသူအရေအတွက် တစ်သိန်းကျော် ရှိနေသည်။

မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်များ သေဆုံးခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

ယခုလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့အနီးမှနေ၍ တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် ကုန်းတွင်းပိုင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ပျက်စီးမှုများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ကာ ထိခိုက်သေဆုံးမှုများလည်း ဆက်တိုက်ထွက်ပေါ်နေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာ၌ ဒေသခံများ ခိုလှုံနေသည့် ဓမ္မာရုံပြိုကျမှုကြောင့် သေဆုံးသူ ၁၄ ဦး ရှိသည်ဟု လွှတ်တော်အမတ်ဟောင်း ဒေါ်ခင်စောဝေက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။ မိုခါမုန်တိုင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးရှိသည်ဟု အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။

မုန်တိုင်းတိုက်ခတ်ချိန်တွင် ရခိုင်ပြည်နယ်ကမ်းရိုးတန်းနှင့် ဆက်နေသည့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းရှိ အနိမ့်ပိုင်းဒေသများတွင် မုန်တိုင်းဒီရေလှိုင်းသည် ၉ ပေမှ ၉ ပေခွဲအထိ မြင့်တက်ခဲ့ကြောင်း၊ စစ်တွေမြို့နေရာအများအပြားတွင် ရေလွှမ်းမိုးခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရှိရသည်။

မုန်တိုင်းကြောင့် စစ်တွေ၊ မြောက်ဦး၊ ဂွနှင့် ရခိုင်ပြည်နယ်မှ အခြားမြို့များတွင် လျှပ်စစ်ဓာတ်အားပေးတိုင်များ လဲကျခြင်း၊ အိမ်အချို့ အလုံးလိုက်ပြိုကျခြင်းနှင့် အိမ်အမိုးများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။