ရုပ်သံသတင်းဆောင်းပါး
မြန်မာပြည်သူတွေ စိတ်ဝင်စားတဲ့ ထိုင်းဝန်ကြီးချုပ် ဘယ်သူဖြစ်လာမလဲ
ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ ထိုင်းနိုင်ငံရဲ့ လွှတ်တော် စတင်ကျင်းပနေပါပြီ။ ဝန်ကြီးချုပ်ဖြစ်ဖို့ ရှေ့ပြေးနေတဲ့ Move Forward ပါတီက Pita Limjaroenrat က သူ့အတွက် နောက်ဆုံးအဆင့်မှာ အခက်အခဲတွေ ကြုံနေရပေမဲ့လဲ သူ့အနေနဲ့ ဝန်ကြီးချုပ်ရာထူးအတွက် စိတ်ချယုံကြည်မှု ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။ “ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ သူတို့ရဲ့ ထောက်ခံအားပေးမှုကို တုံ့ပြန်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ပါတယ်” လို့ ဒီကနေ့ လွှတ်တော်မစခင် သူက ပြောကြားခဲ့ပါတယ်။ ပီတာက သူဝန်ကြီးချုပ်ဖြစ်လာရင် မြန်မာ့အရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်မယ်လို့ ထုတ်ဖော်ကြွေးကြော်ထားလို့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို မြန်မာနိုင်ငံသားတွေလည်း များစွာစိတ်ဝင်စားနေပါတယ်။




