အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာက ဈေးထဲကို ဖေဖော်ဝါရီ ၂၄ မွန်းလွဲပိုင်းမှာ စစ်တပ်က ဗုံးကြဲချတာကြောင့် လူ ၁၈ယောက် သေဆုံးပြီး၊ ၁၄ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဈေးတန်းဟာ ရွာလယ်မှာ တည်ရှိပြီး၊ ဒီရွာမှာ စစ်ဘေးရှောင်အများအပြား လာရောက်နေထိုင်ကြတာပါ။
လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုအခြေအနေ မြေပြင်သတင်းပေးပို့ချက်ကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
ရိုက်ကူး၊ တင်ဆက် – ညီထွေး/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



