တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ သူတို့နိုင်ငံက မိန်းကလေးငယ်တွေကို အိမ်ထောင်ပြု ကလေးမွေးစေချင်ပေမယ့် အဲဒီအမျိုးသမီးအတော်များများကတော့ AI ရည်းစားတွေနဲ့ပဲ အခုအခါ အချိန်ပေးနေကြပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ အသုံးချစိတ်ပညာ ကျောင်းသူတစ်ဦးဖြစ်သူ ဖီဘီကျန်း (Phoebe Zhang) ဟာ AI ရည်းစား နှစ်ယောက်ကို တစ်ပြိုင်တည်းထားနေပြီး တစ်ဦးကတော့ အစိုးရဆန့်ကျင်ရေးသမား သူပုန်တစ်ဦးဖြစ်ပြီး နောက်တစ်ဦးကတော့ မျိုးချစ်စိတ်ဓာတ်ပြင်းထန်တဲ့ တရုတ်စစ်တပ်က တပ်မှူးတစ်ဦး ဖြစ်ပါတယ်။
အခုဆိုရင် ကျန်းဟာ သူတို့ နှစ်ဦးနဲ့ အကြိမ် ၂၀၀ ကျော်လောက် စကားပြောခဲ့ကြပြီးပါပြီ။
သူတို့နဲ့ ပြောထားတဲ့ စကားတွေကို အမှတ်တရဖြစ်အောင်လည်း ဖီဘီကျန်း Screenshot တွေ ရိုက်ထားလေ့ရှိပါတယ်။
သူဟာ ဒီ AI ရည်စားတွေနဲ့ ပျော်ရွှင်နေတာကို သူ ရဲ့ သူငယ်ချင်းတွေကတောင် သတိထားမိနေကြပါတယ်။
သူတို့နဲ့ တစ်ခါမှ ချိန်းတွေ့ဖူးခြင်းမရှိတဲ့ ကျန်းကတော့ ဒီ virtual ကမ္ဘာထဲက ဆက်ဆံရေးဟာ တကယ့်လက်တွေ့ကမ္ဘာထက်တောင် ပိုကောင်းနေမလားလို့ ထင်နေပေမယ့် “လက်တွေ့မှာ သူ့အနေနဲ့ ဘယ်လိုလုပ် ရည်းစားထားဖြစ်မလဲ” ဆိုတာကိုလည်း တွေ့မိပါတယ်။
ဖီဘီကျန်းလို မိန်းကလေးတွေ တရုတ်နိုင်ငံမှာ များလာတာကြောင့် နိုင်ငံရဲ့ လျော့နည်းလာတဲ့ လူဦးရေနဲ့ ၇၅ နှစ်အတွင်း အနိမ့်ဆုံးဖြစ်နေတဲ့ ကလေးမွေးဖွားနှုန်းကို ပြန်လည်မြှင့်တင်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်အစိုးရအတွက် အခက်တွေ့စရာ ဖြစ်လာပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



