နယ်စပ်ဒေသမှာ တိုက်ပွဲမဖြစ်ဖို့ သတိပေးတဲ့ တရုတ်ဟာ ကိုးကန့်တပ်ဖွဲ့ရဲ့ ထိုးစစ်ကိုတော့ နှုတ်ဆိတ်နေပါတယ်။ ဒါဟာ စစ်ပွဲရဲ့နောက်ကွယ်မှာ တရုတ်ရှိနေတယ်ဆိုတဲ့ ယူဆချက်ကိုတွေကို ပိုပြီး ထင်ရှားစေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်ပေါင်းများစွာ မဟာမိတ်ဆက်ဆံရေးထူထောင်ထားတဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA) နဲ့ တအာင်းတပ်(TNLA) တို့ တိုက်ပွဲစတင်ချိန်မှာ တရုတ်နိုင်ငံရဲ့အထူးကိုယ်စားလှယ် နေပြည်တော်ကို ရောက်လာတာကလည်း တိုက်ဆိုင်နေပါတယ်။
လက်ရှိမှာတော့ မတ်လ ၁၇ရက်ကစလို့ လောက်ကိုင်မြို့မှာ နှစ်ဖက်တပ်ခေါင်းဆောင်တွေ ဆွေးနွေးနေကြပါတယ်။ လတ်တလော တိုက်ပွဲပြန်ငြိမ်သွားပြီး ဆွေးနွေးမှုရလဒ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ TNLA ပြောခွင့်ရသူက မတ် ၁၉ရက်နေ့ ညနေပိုင်းက ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရှမ်းမြောက်က ပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်နိုင်ဖို့ ‘တရုတ်က ပုံဖော်တာ’ ဆိုတဲ့ စစ်ရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်ကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
ကိုလှိုင်း/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



