အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စဖို့ ရုရှားတောင်းဆိုလာ

ရုရှားအစိုးရဟာ ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့အတွက် လပေါင်းများစွာ ငြင်းဆန် ခဲ့ပေမယ့်  အခုအခါမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စဖို့ မျှော်လင့်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့ဗ်က မေလ ၁၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ယူကရိန်းစစ်တပ်က စစ်မြေပြင်မှာရော ရုရှားနိုင်ငံအတွင်းပိုင်းအထိ အဝေးပစ် ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့နေရာမှာပါ ပြင်းပြင်းထန်ထန် လုပ်လာနိုင်တဲ့အချိန်မှာ ရုရှားဘက်က အခုလို လေသံပြောင်းလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ရုရှားနိုင်ငံတွင်းနဲ့ ရုရှား  သိမ်းပိုက်ထားတဲ့ နယ်မြေတွေအတွင်းကို ယူကရိန်းက ဒရုန်းအစင်းရေ စုစုပေါင်း ၃,၁၂၄ စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားက ယူကရိန်းနိုင်ငံထဲကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ၃ ရက်ဆက်တိုက် ဒရုန်းတွေနဲ့ တိုက်ခိုက်မှုအပေါ် ယူကရိန်းကလည်း    ရုရှားမြို့တော် မော်စကိုအပါအဝင် ရုရှားဒေသတွေကို    မေလ ၁၇ နဲ့ ၁၈ ရက်တွေမှာ ဒရုန်း အစင်းရေ ၆၀၀ နီးပါးနဲ့  လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ မေလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း ယူကရိန်းဟာ ရုရှားဒေသ ၁၄ ခုအပြင် ခရိုင်းမီးယားကျွန်းဆွယ်၊ ပင်လယ်နက်နှင့် အာဇော့ဗ်ပင်လယ်တို့ကို တိုက်ခိုက်ခဲ့သလို     မြို့တော်မော်စကို ပတ်ဝန်းကျင်ဒေသမှာလည်း ဆိုးဆိုးရွားရွား ထိမှန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ “အခုလို နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် အရပ်ဘက်ပစ်မှတ်တွေကို ထိခိုက်နေတာဟာ လေးနှစ်ကြာ စစ်ပွဲကို ငြိမ်းချမ်းရေးယူဖို့ ကြိုးပမ်းမှုတွေ နှောင့်နှေးသွားစေတယ်” လို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သတင်းထောက်တွေကို ပြောအပြီးမှာ ရုရှားဘက်က အခုလို ကမ်းလှမ်းမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button