ကျောင်းသားလက်ရုံးတပ်တော် SAF မှာ တိုက်ခိုက်ရေးဒရုန်းတာဝန်ယူထားတဲ့ သူမဟာ တောတွင်းစစ်မြေပြင်တွေမှာ အမျိုးသားရဲဘော်တွေနဲ့အတူ တိုက်ပွဲပေါင်းများစွာ ပါဝင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒရုန်းဟာ တော်လှန်ရေးစစ်မျက်နှာမှာ အရေးပါတဲ့ လက်နက်တစ်ခု ဖြစ်လာခဲ့ပြီး စခန်းသိမ်းတိုက်ပွဲတွေ၊ ထိုးစစ်တွေမှာ အဓိကအသုံးပြုလာကြပါတယ်။
အသက် ၂၃နှစ်အရွယ် ‘နိုရာ’ ကတော့ တိုက်ခိုက်ရေးဒရုန်း စစ်ဆင်ရေးတွေမှာ ကိုယ်တိုင်ပါဝင်နေသူတစ်ယောက်အနေနဲ့ စစ်မြေပြင်အတွေ့အကြုံတွေကို ပြန်လည်မျှဝေထားပါတယ်။
ကျောင်းသားလက်ရုံးတပ်တော် SAF ဟာ အစပိုင်းမှာ ကျောင်းသားလူငယ် ၂၁ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး အာရက္ခတပ်တော် AA ထံမှာ စစ်ပညာသင်ကြားခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
လက်ရှိမှာတော့ အင်အားထောင်ချီရှိလာပြီး ရခိုင်၊ စစ်ကိုင်းနဲ့ မကွေး စစ်ဒေသတွေမှာ တိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။
ညီထွေး/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



