မင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့တွေကို ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့်၊ မြေပြင်မှာတော့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးမှုတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
မြေပြင်အချက်အလက်တွေအရ ငြိမ်းချမ်းရေးကမ်းလှမ်းချက် ထွက်ပေါ်ပြီးနောက် တစ်လမပြည့်ခင် ကာလအတွင်းမှာပဲ အရပ်သားပြည်သူ ၁၃၀ ကျော် သေဆုံးခဲ့ရပြီး၊ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရတဲ့ ဒေသတွေထဲမှာ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ ပါဝင်နေပါတယ်။ နိုင်ငံရေးလေ့လာသူတွေနဲ့ စစ်ဘက်ရေးရာ သုံးသပ်သူတွေကတော့ ဒီဖိတ်ခေါ်ချက်ဟာ နိုင်ငံရေးဗျူဟာတစ်ရပ်သာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ဒီရုပ်သံမှာ မင်းအောင်လှိုင်ရဲ့ “ရက် ၁၀၀ ငြိမ်းချမ်းရေး” ဖိတ်ခေါ်ချက်၊ မြေပြင်စစ်ရေးအခြေအနေ၊ အာဆီယံရဲ့ သဘောထားနဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို စုစည်းတင်ပြထားပါတယ်။
သတင်း၊ တင်ဆက် – သဇင်လှိုင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



