ကချင်ပြည်နယ်ထဲကို စစ်တပ်ဘက်က မြေပြင်အင်အား အများအပြား ထပ်မံဖြည့်တင်းလာပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြေပြင်လမ်းကြောင်းကနေ မြစ်ကြီးနားအထိ စစ်အင်အားဖြည့်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ရေးလေ့လာသူတွေနဲ့ KIA ဘက်ကတော့ စစ်တပ်ဟာ လေကြောင်းအင်အားသာလွန်မှုကို အသုံးပြုပြီး ဖားကန့်၊ ဗန်းမော်အပါအဝင် အရေးပါတဲ့ဒေသတွေကို တန်ပြန်ထိုးစစ်ဆင်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ တစ်ဖက်မှာလည်း ကချင်နဲ့ စစ်ကိုင်းတိုင်း ချိတ်ဆက်နေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖိအားပေးခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။
စစ်တပ်ရဲ့ အင်အားဖြည့်တင်းမှုတွေက ကချင်စစ်မျက်နှာပြင်ကို ဘယ်လောက်ပြောင်းလဲစေနိုင်မလဲ၊ ရှေ့ဆက်ထိုးစစ်တွေ ပိုပြင်းထန်လာနိုင်သလားဆိုတာကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
မြတ်ကြီး/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



