အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကမ္ဘာမှာဗိုလ်ကျစိုးမိုးတဲ့ အုပ်ချုပ်ရေးမထွန်းကားအောင်ပူးပေါင်းလုပ်ဆောင်ဖို့ရှီကျင့်ဖျင်ကပူတင်ကိုပြော

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ မေလ ၁၉ ရက် ညပိုင်းက ပေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဦးဆောင်တဲ့ တရုတ်အစိုးရအရာရှိတွေက သမ္မတ ပူတင်နဲ့ အဖွဲ့ကို ဒေသစံတော်ချိန် ည ၁၁ နာရီ ဝန်းကျင်က လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

အခု ၂ ရက်ကြာ ခရီးစဉ်မှာ   ပူတင်နှင့်အတူ ဒုတိယဝန်ကြီးချုပ် ငါးဦး၊ ဝန်ကြီးရှစ်ဦးတို့အပြင် ရုရှားနိုင်ငံရဲ့အကြီးဆုံး နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ကော်ပိုရေးရှင်းကြီးတွေက အမှုဆောင်အရာရှိချုပ်တွေလည်း လိုက်ပါလာခဲ့ကြပါတယ်။

သမ္မတပူတင်နဲ့ အစိုးရအရှိကြီးအချို့ကို    ရှီကျင့်ဖျင်က   နိုင်ငံတော် ပြည့်သူ့ခန်းမဆောင်မှာ ကြိုဆိုလက်ခံ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံကို လာရောက်ပြီး ရက်ပိုင်းအကြာမှာပဲ ပူတင်က အခုခရီးစဉ်ကို ရောက်ရှိလာတာဖြစ်ပြီး  တရုတ်သမ္မတအနေနဲ့   ခေါင်းဆောင်နှစ်ဦးကို တစ်လတည်းမှာပဲ လက်ခံတွေ့ဆုံတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။  

တရုတ်နဲ့ ရုရှားတို့ဟာ ‘တရား   မျှတမှုရှိတဲ့’ ကမ္ဘာ့အုပ်ချုပ်ရေး အခင်းအကျင်းတစ်ခု  ပေါ်ပေါက်လာဖို့အတွက် ရုရှားနဲ့ “ရေရှည်မဟာဗျူဟာမြောက်” ပူးပေါင်းဆောင်ရွက်သွားကြဖို့ ရှီကျင့်ဖျင်က တိုက်တွန်းလိုက်ပါတယ်။ 

 အရှေ့အလယ်ပိုင်း အရေးနဲ့ ပတ်သက်လို့လည်း  စစ်မီးတွေ ထပ်ပြီး တောက်လောင်လာဖို့ မသင့်တော်ကြောင်းနဲ့ ဆွေးနွေးပွဲတွေကို ဆက်လုပ်သွားဖို့က အထူး အရေးကြီးတဲ့အကြောင်းကိစ္စတွေကိုလည်း  သမ္မတရှီကျင့်ဖျင်က ပူတင်နဲ့ ဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့်   ရုရှားက ယူကရိန်းအပေါ် လွန်ခဲ့တဲ့ ၄ နှစ်ကျော်က စခဲ့တဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်လို့ ရှီကျင့်ဖျင်က ဆွေးနွေးမှု ရှိ၊ မရှိကိုတော့ သတင်းထုတ်ပြန်ထားခြင်း မရှိပါဘူးခင်ဗျာ။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button