၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ဖမ်ဆီးထားတာ အခုဆို ၅နှစ်ကျော်ရှိလာပါပြီ ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဘယ်လို အခြေအနေနဲ့ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
သူ့ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိသလဲ၊ သူ ဘယ်သူတွေနဲ့ တွေ့ခွင့်ရသလဲ၊ သူ ဘယ်မှာ ရှိနေသလဲ။
ဒီမေးခွန်းတွေဟာ နှစ်တွေကြာလာတာနဲ့အမျှ သူ့ကိုချစ်ခင်ကြတဲ့ သူတွေကြားမှာ ပိုပြီး ကြီးမားလာခဲ့ပါတယ်။
ဒီနေ့ ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ သူ့ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ကို အထိမ်းအမှတ်ပြုတဲ့ “နှင်းဆီလှုပ်ရှားမှု” တွေကို ပြည်လုံးကျွတ်အဆင့်နဲ့ ဆင်နွှဲနေကြပြီး လူထုက သူ့အခြေအနေကို သိရှိလိုတဲ့ ဆန္ဒကို ထပ်မံဖော်ပြနေကြပါတယ်။
ကိုလှိုင်း/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



