အာဏာသိမ်းပြီး ငါးနှစ်ကျော်ကြာလာတဲ့အထိ စစ်တပ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဘယ်လိုအခြေအနေမျိုးနဲ့ ဖမ်းဆီးထားတယ်ဆိုတာ ပြည်သူတွေနဲ့ နိုင်ငံတကာကို ချပြထားခြင်း မရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေမှန်ကို ပြည်သူတွေ သိရှိသွားမှာကို စစ်တပ်က စိုးရိမ်ကြောက်ရွံ့နေတာဖြစ်ပြီး၊ အဲဒါဟာ စစ်ကောင်စီရဲ့ အဓိကအားနည်းချက်တစ်ခုလည်း ဖြစ်တယ်လို့ တော်လှန်ရေးအသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။
ဒီအခြေအနေအောက်မှာပဲ ပြည်တွင်းနဲ့ နိုင်ငံအနှံ့အပြားက ပြည်သူတွေ၊ သပိတ်အင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အကြိုအဖြစ် “နှင်းဆီလှုပ်ရှားမှု” ကို ဇွန်လ ၁၆ ရက်ကစပြီး ဆောင်ရွက်နေကြပါတယ်။
ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဇွန်လ ၁၉ ရက်နေ့မှာ နှင်းဆီပန်း (သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အချင်းချင်းမျှဝေခြင်းတို့ ပြုလုပ်နိုင်သလို၊ ပန်းဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခြင်းနဲ့ မြေပြင်လှုပ်ရှားမှုတွေမှာ ပန်းတွေကိုင်ဆောင်ပြီး ပါဝင်နိုင်ကြောင်း တိုက်တွန်းထားပါတယ်။
ဒီကမ်ပိန်းရဲ့ ရည်ရွယ်ချက်၊ ပါဝင်သူတွေအနေနဲ့ သတိပြုသင့်တဲ့ လုံခြုံရေးအခြေအနေတွေကို People Movement Platform Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မလင်းလက်ဆူးကို Myanmar Now က တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုလှိုင်း/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



