အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကွန်မန့်ကနေ VPN အထိ လွတ်လပ်ခွင့် ဘယ်လောက်ကျဉ်းမြောင်းသွားလဲ

“ဇော်မဲလုံး ညီမလား” ဆိုတဲ့ ကွန်မန့်တစ်ကြောင်း ရေးသားမိရုံနဲ့ အဖမ်းခံရတဲ့ ဖြစ်ရပ်ကနေ စတင်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဘယ်လောက်ကျဉ်းမြောင်းသွားပြီလဲဆိုတာကို ဒီရုပ်သံမှာ တင်ဆက်ထားပါတယ်။ ဝေဖန်ရေးသားမှု၊ မှတ်ချက်ပေးမှုတွေကြောင့် အရေးယူခံရတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ပေါ်ပေါက်နေပြီး ပြည်သူတွေဟာ ကိုယ့်အတွေးကိုတောင် ကိုယ့်ဘာသာ ဆင်ဆာဖြတ်နေရတဲ့ အခြေအနေထိ ရောက်နေပါတယ်။ 

အွန်လိုင်းပေါ်က ဖိနှိပ်မှုတွေတင်မကဘဲ မြေပြင်မှာလည်း လမ်းသွားလမ်းလာတွေကို ဖုန်းစစ်ဆေးတာ၊ VPN နဲ့ ဆက်သွယ်ရေး App အသုံးပြုမှုတွေကို စောင့်ကြည့်စစ်ဆေးတာတွေ ရှိနေပါတယ်။ ဒါဟာ အရပ်သားအစိုးရလက်ထက်က ခံစားခဲ့ရတဲ့ လွတ်လပ်မှုတွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ကွာခြားသွားတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

ကွန်မန့်တစ်ကြောင်းကနေ VPN အသုံးပြုမှုအထိ ကန့်သတ်စောင့်ကြည့်ခံနေရတဲ့ မြန်မာပြည်မှာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ အခြေခံအခွင့်အရေးတွေ ဘယ်အခြေအနေ ရောက်ရှိနေပါသလဲ။ ဒီရုပ်သံမှာ ပြည်သူတွေ၊ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အမြင်တွေကို စုစည်းတင်ပြထားပါတယ်။

သဇင်လှိုင်/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button