ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က ရေလုပ်သား ဦးချစ်စမ်းမောင် က သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ကို ပြန်လည်ပြောပြထားပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ လုပ်ဖော်ကိုင်ဖက်နှစ်ဦး စစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း စစ်တပ်ရန်ကြောင့် ရေလုပ်သားတွေ ဖမ်းဆီးခံရတာ၊ သေနတ်နဲ့ ပစ်ခတ်ခံရတာတွေ မကြာခန ကြုံတွေ့လာရပြီး ကမ်းဝေးပင်လယ်ပြင်ကို ငါးဖမ်းမထွက်ရဲတော့တဲ့ အခြေအနေကို ရောက်ရှိနေကြပါတယ်။ ဒါကြောင့် ရေလုပ်ငန်းကို ရပ်နားထားရသူတွေလည်း ပိုများလာနေပါတယ်။
တစ်ဖက်မှာလည်း စက်သုံးဆီ၊ စားသုံးဆီနဲ့ ငါးဖမ်းပစ္စည်းတွေ စျေးနှုန်း အဆမတန် မြင့်တက်လာတာကြောင့် ရခိုင်က ရေလုပ်သားမိသားစုတွေဟာ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အခက်အခဲတွေကို ပိုမိုရင်ဆိုင်လာနေရပါတယ်။
ညီထွေး/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



