မကွေးတိုင်း ပေါက်မြို့နယ်က ချောင်းကူးရွာသားတွေဟာ စစ်တပ်ရဲ့ လက်ပါးစေ ပျူစောထီးအဖြစ် သစ္စာခံမလား၊ ဒါမှမဟုတ် မိမိတို့ရဲ့ နေအိမ်နဲ့ ဘဝတစ်ခုလုံးကို စွန့်ခွာမလားဆိုတဲ့ ရွေးချယ်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ရွာသားတွေကတော့ စစ်တပ်လက်အောက်ခံ မဖြစ်လိုတာကြောင့် ၂၀၂၃ ခုနှစ်ကစပြီး အိုးအိမ်ကို စွန့်ပစ်ကာ တော်လှန်ရေးတပ်တွေ စိုးမိုးရာနယ်မြေတွေဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။
သုံးနှစ်နီးပါး ကြာလာတဲ့အထိ သူတို့ဟာ စစ်ဘေးရှောင်ဘဝနဲ့ တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေထိုင်ရင်း စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ကလေးတွေရဲ့ ပညာရေးအပါအဝင် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် မတည်ငြိမ်မှုနဲ့ မကြာခဏ ထပ်မံထွက်ပြေးရတဲ့ အခြေအနေတွေက စစ်ရှောင်တွေရဲ့ နေ့စဉ်ဘဝကို ပိုမိုခက်ခဲစေပါတယ်။
ဒီရုပ်သံမှာ ချောင်းကူးရွာသားတွေ ဘာကြောင့် အိုးအိမ်ကို စွန့်ခွာခဲ့ရသလဲ၊ စစ်ဘေးရှောင်ဘဝမှာ ဘယ်လိုဒုက္ခတွေကို ဖြတ်သန်းနေကြရသလဲဆိုတာ တင်ဆက်ထားပါတယ်။
သတင်း၊ ရိုက်ကူး – တင်စိုး(အညာမြေ)
တည်းဖြတ်၊ တင်ဆက် – မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



