Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်ရှိ စစ်ဘေးရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ စိုးမိုးထားနိုင်သည့်ကျေးရွာများရှိ စစ်ရှောင် ပြည်သူများအတွက် အရေးပေါ်အကူအညီများကို Facebook Page Messenger မှတဆင့် အကူအညီလာရောက်ပေးနိုင်ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

(ရွာသစ်ကျေးရွာရှိ နေအိမ်အချို့အား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး သွားစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)
(ရွာသစ်ကျေးရွာရှိ နေအိမ်အချို့အား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး သွားစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတ​ပ်က စစ်ကြောင်းထိုး အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်နေ၍ စစ်ဘေးရှောင် ‌ဒေသခံပြည်သူအများအပြားရှိနေပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အကူအညီလိုအပ်နေကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်သည် မြိုင်နယ်အတွင်း နေ့စဥ် စစ်ကြောင်းထိုး ချေမှုန်းရေး တိုက်ပွဲဆင်နေ၍ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ လိုအပ်လျက်ရှိကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

(ရွာသစ်ကျေးရွာရှိ နေအိမ်အချို့အား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး သွားစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)
(ရွာသစ်ကျေးရွာရှိ နေအိမ်အချို့အား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး သွားစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ စိုးမိုးထားနိုင်သည့်ကျေးရွာများရှိ စစ်ရှောင် ပြည်သူများအတွက် အရေးပေါ်အကူအညီများကို Facebook Page Messenger မှတဆင့် အကူအညီလာရောက်ပေးနိုင်ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

“တပ်ဖွဲ့အတွက် ကျည်ဖိုး ခဲယမ်းဖိုးလည်း အရေးပေါ်လိုအပ်နေပါတယ် ။ ပြည်သူများ စစ်ကြောင်းသတင်းနားစွင့်ပါ။စစ်ရေးသတိအမြဲရှိပါ။ ပြည်သူမှ ပြည်သူသို့ ကူညီထောက်ပံ့ပါဝင်ကြပါ။”ဟု ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ယမန်နေ့ ဩဂုတ် ၉ ရက်ကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ​မြိုင်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ နေအိမ်နှစ်လုံးအားမီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့အပြင် အိုရင်းကျေးရွာ၊ သာစည်ရွာနှင့် နှင်းဆီကန်ကျေးရွာများရှိ နေအိမ်အချို့ကိုပါ မီးရှို့ဖျက်ဆီးသွားပြီး ဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း နွေဦးတော်လှန်ရေး-မြိုင်က အသိပေးသည်။

မြိုင်နယ်၌ အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေပြီး သြဂုတ်၆ရက်က တွင်းမကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျုစောထီးစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ပျူ ၃၈ဦး သေဆုံးခဲ့သည်ဟုလည်း ဒေသတွင်းအဖွဲ့များက ထုတ်ပြန်အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက် ၂,၀၀၀ ကျော်ပြီဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ သုံးသောင်းနီးပါးရှိနေပြီဖြစ်ကြောင်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

သတင်း

ကြေညာချက် မလိုက်နာ၍ ဖြစ်ပေါ်လာသော နောက်ဆက်တွဲများကို တာဝန်ယူမည် မဟုတ်ကြောင်း မြိုင်(ပ.က.ဖ)က ဆိုသည်။ မြိုင်နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့်ဒေသတွင်း PDFများ တိုက်ပွဲများဖြစ်ပွားနေသည်။

သတင်း

ယမန်နေ့ သြဂုတ်လ ၆ရက်နေ့ နံနက် ၅ နာရီ ၁၅မိနစ်ခန့်က မြိုင်မြို့နယ်၊ တွင်းမပျူစောထီးစခန်းကို ​ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကအလစ်ငိုက်ဖမ်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

နားကပ်နှင့်နားဆွဲ စုစုပေါင်း(၈)စုံ၊လက်စွပ်(၄) ကွင်း ၊ ကလစ်(၄)ခုနှင့် ကျပ်စုစုပေါင်း ၁,၂၃၀,၀၀၀ကျပ်( တစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်တိတိ)ကို ကူညီ ထောက်ပံ့ခဲ့ကြကြောင်း မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ BEGSC က ဖော်ပြခဲ့သည်။