Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော် – ရှားတော လမ်းမကြီးတစ်လျှောက် ပြည်သူများဖြတ်သန်း သွားလာခြင်းမပြုရန် KNDF သတိပေး

လိုက်နာခြင်းမရှိဘဲ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း KNDF တပ်ရင်း – ၁၄ က သတိပေးသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF

လွိုင်ကော် – ရှားတော လမ်းမကြီးတစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာ ခြင်းမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၄ က ယနေ့(သြဂုတ် ၁၀ ရက်) ထုတ်ပြန်သည်။

လွိုင်ကော်မြို့နယ် လွိုင်ကော် – ရှားတော လမ်းမကြီးတစ်လျှောက်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်များမှ တပ်ပြင်ပသွားလာလှုပ်ရှားမှုများရှိနေ၍ ထိတွေ့မှုများရှိနိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါလမ်းပိုင်းကို ယနေ့(သြဂုတ် ၁၀ ရက်)ကစ၍ ရက် အကန့်အသတ်မရှိ ပိတ်ပင်ထားမည်ဟု အသိပေးသည်။

“မနေ့က ကတည်းက စစ်ကောင်စီတပ် နဲ့ KA (ကရင်နီတပ်မတော်) KNDFတို့ ပူးပေါင်းပြီး အဲဒီလမ်းပိုင်းမှာ တိုက်ပွဲ ဖြစ်သေးတယ်။ စင့်ဝံတောင် အနီးမှာဖြစ်တာ။စကစ ရဲ့ စစ်ရေးအရှိန်က ဘက်ပေါင်းစုံ မြှင့်လာနေပြီလို့ ပြောလို့ရတယ်”ဟု ကရင်နီဒေသစစ်ရေးသတင်းရင်းမြစ် က People’s Springသို့ ပြောသည်။

လိုက်နာခြင်းမရှိဘဲ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း KNDF တပ်ရင်း – ၁၄ က သတိပေးသည်။

လက်ရှိ ကရင်နီပြည်နယ်၌ နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်တို့၌ စစ်ကောင်စီတပ်က စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေ သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(ဩဂုတ် ၉ရက်) ကျရောက်သည့် (၇၄)နှစ်မြောက် ကရင်နီအမျိုးသားခုခံ တော်လှန်ရေးနေ့တွင် ခူဦးရယ်က မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

သတင်း

တိုက်တွန်းတောင်းဆိုချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်သွားမည်ဟု KNDF က သတိပေးသည်။

သတင်း

ကြေညာချက် မလိုက်နာ၍ ဖြစ်ပေါ်လာသော နောက်ဆက်တွဲများကို တာဝန်ယူမည် မဟုတ်ကြောင်း မြိုင်(ပ.က.ဖ)က ဆိုသည်။ မြိုင်နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့်ဒေသတွင်း PDFများ တိုက်ပွဲများဖြစ်ပွားနေသည်။

သတင်း

SNAသည် လွန်ခဲ့သည့် အပတ်ကလည်း နားယကာကျေးရွာမှ ကဒူးလူမျိုး ကျင်းသားတစ်ဦးအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာ ကျပ်သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရသည်ဟု ဒေသခံများက သတင်းပေးပို့ ကြောင်း Banmauk Revolution က ဖော်ပြသည်။