▪︎KNDF တာဝန်ရှိသူနဲ့မေးမြန်းခန်း
ကရင်နီတပ်ပေါင်းစုတွေကလည်း စစ်တပ်ရဲ့ထိုးစစ်တွေကို စနစ်တကျခုခံတိုက်ခိုက်နေတာကြောင့်ဖယ်ခုံ ၊ပင်လောင်း ၊ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွေမှာ စစ်တပ်သေဆုံးထိခိုက်သူများပြီး အထိနာခဲ့ပါတယ် ။ ကရင်နီဒေသတိုက်ပွဲတွေနဲ့ပတ်သပ်ပြီးနောက်ဆုံးရ အခြေအနေတွေကို ရှေ့တန်းစစ်မျက်နှာရှိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော်(KNDF)ရဲ့ တာဝန်ရှိသူကို People’s Spring သတင်းဌာနကမတ်လ ၁၆ ရက်မှာဆက်သွယ်မေးမြန်းတင်ဆက်ထားပါတယ်။
-ရဲခေါင်/People’s Spring
မေး-အခုလက်ရှိ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေရဲ့ လမ်းကြောင်းနဲ့ တိုက်ပွဲ အခြေအနေ အရင်ဆုံး ပြော ပေးပါလား ။
ဖြေ-ဒီးမောဆို ဘက်ကနေ စစ်ထိုးနေသလို လွိုင်ကော်၊ဘောလခဲ နဲ့ ဖယ်ခုံ မြို့နယ် အပါအဝင် ရှမ်း -ကရင်နီ(ကယား)ဘက်ကနေ တောက်လျှောက် စစ် ကြောင်းထိုးလာတာ။နောက် ပင်လောင်းဘက်ကနေ ပါ ဝင်လာဖို့ လုပ်တယ်ပေါ့။ ပြောရမယ်ဆို နေရာစုံ စစ် ကြောင်းထိုးလာတယ်။အဲဒါကြောင့်နေ့စဥ်နီးပါးကို တိုက်ပွဲ ဖြစ်နေတယ်။
မေး-တိုက်ပွဲ အပြင်းထန်ဆုံး နေရာဆိုရင် ဘယ်နေရာလို့ ပြောလို့ရမလဲ။
ဖြေ- အပြင်းထန်ဆုံးနေရာ ရယ်လို့ မဟုတ်ဘဲ အကုန်လုံးလိုလို စစ်ကောင်စီစစ်ကြောင်းနေရာတိုင်းမှာ တိုက်ပွဲက တော်တော်ဖြစ်နေတယ်။ဘာကြောင့်လဲ ဆိုတော့ စစ်ကောင်စီ ရဲ့ အခု စစ်ဆင်ရေးက အရင်နဲ့ လုံးဝ မတူဘဲ တော်တော်ကို ကြီးကြီးမားမား နဲ့ ဝင်လာတာ။

မေး – စစ်ကောင်စီ အခုထိုးစစ် က ကရင်နီ ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်လား (ဒါမှ မဟုတ်) စစ်ဆင်ရေးရဲ့ရည် ရွယ်ချက်ကဘာဖြစ်မလဲ။
ဖြေ- အခုလို အင်နဲ့ အားနဲ့ အလုံးအရင်း ဝင်လာတာကိုက ကရင်နီပြည်ကို ထိန်းချုပ်ဖို့ဆိုတာ အထင်းအရှားပဲ။သူတို့ရဲ့ ထိုးစစ်နေရာအလိုက်မှာ ဒီးမော့ဆို ဘက်ကနေထိုးလာတဲ့ စစ်ကြောင်းဆိုရင် ဘောလခဲ၊ ဖားဆောင် နဲ့ ဆက်စပ်တဲ့ သူတို့ရဲ့ အခြေစိုက် တပ်တွေကို ရိက္ခာပို့နိုင်အောင် လမ်းကြောင်းယူဖို့ ကြိုးစားနေတာလို့ ပြော လို့ရတယ်။သုံးသပ်တယ်။ဘာဖြစ်လို့လဲ ဆိုရင် နှစ်ဖက်ညှပ်ပြီး ဝင်လာတာဆိုတော့။ ဒီ ရိက္ခာပို့မယ့် လမ်းမကြီး ကို သူတို့ လိုချင်နေတယ်။ အရင်တုန်းကဆို ရဟတ်ယာဥ်နဲ့ ပဲ ရိက္ခာပို့လို့ရတယ်။ကုန်ကြောင်း ကလာရင် သူတို့အတွက်ဘယ်လိုမှ မဖြစ်နိုင်ခဲ့ဘူး။လာ တိုင်းလည်း သူတို့ အသေချည်းပဲ ပြန်ရတာ။အဲဒါကြောင့် ကုန်လမ်းကို သူတို့ ပြန်ပြီး အသားစီးရယူချင်နေတာ။နောက် စစ်ကြောင်းတွေက တော့ နယ်မြေထိန်းချုပ်မှု ယူချင်နေတာ။
မေး- ပင်လောင်းဘက်တိုက်ပွဲကဘာကြောင့် စဖြစ်လာတာပါလဲ။
ဖြေ- ပင်လောင်းဘက်ကနေ ကရင်နီပြည်နယ်ထဲကို ပေါက် တဲ့လမ်းရှိတယ်။ရတဲ့အပေါက်ကနေဝင်ချင်တာပေါ့လေ။ပုံမှန် ဆိုရင် တောင်ကြီး-ဆီဆိုင်-လွိုင်လင်းလေ ကနေဝင်တယ်။ဒီနောက်ပိုင်း ဖြတ်တိုက်ခံရတာကြောင့် မဝင်နိုင်တော့ဘူး။နောက် ဖယ်ခုံ ဘက်က နေ ဝင်တယ်။အဲဒါလည်း ကျွန်တော်တို့ ဖြတ်တိုက်တယ်။သူတို့ ဝင်ဖို့ ခက်ခဲသွားတယ်။အဲဒါကြောင့်မို့ ပင်လောင်းကို သူတို့ရွေးချယ်လာတာ။အဲဒါကို ကျွန်တော် တို့ ဖြတ်တိုက်တယ်။တိုက်ပွဲ တွေပြင်းထန်နေတယ်။အဲဒီပုံစံပဲ။
မေး- လက်ရှိ ခုခံ စစ်အခြေအနေရဲ့ ရလဒ် ကိုရောပြောပြပေးနိုင်မလား။
ဖြေ-နေ့စဥ်နဲ့အမျှ စစ်ရေး ဆိုတာ ပြောင်းလဲနေရတယ်။အခု ခုခံစစ် ဆို တခါတလေ ထိုးစစ်ဆင်တယ်။ဒီကနေ့(မတ်လ ၁၆ ရက်)အထိက ရလဒ်ကောင်းတွေရနေတယ်။ရထားတယ်။
မေး- ကရင်နီကို အရင်က တပ်မ ၆၆ စစ်ဆင်ရေးဝင်တယ်။အခု တပ်မ ၇၇ ပါ ထပ်ဝင်နေတယ်လို့သိရတယ်။စစ်ကောင်စီရဲ့ ကရင်နီဒေသ အင်အားအ ခြေအနေ ကိုသုံးသပ်ပြောပေးပါလား။
ဖြေ-ကရင်နီအခြေစိုက် တပ်တွေက တပ်မ ၅၅ ကများတယ်။အရင်ကတော့ တပ်မ ၅၅ နဲ့ ၆၆ ကိုပဲရင်ဆိုင်ရတယ်။အခုက တပ်မ ၇၇ ကိုလည်း ရင်ဆိုင်ရတယ်။ထပ်သိရတာက တပ်မ ၉၉ နဲ့ ၃၃ လက်အောက်ခံ တပ်ရင်းတွေပါ ရောက်လာပြီလို့ ကြားရတယ်ဒါကြောင့် အခု ရင်ဆိုင်နေရတဲ့ မြေပြင်အခြေအနေက တပ်မ တစ်မ ၊နှစ်မ ထဲမဟုတ်တော့ဘူး။နယ်မြေ ခံ စကစ တပ်တွေနဲ့ ပေါင်းရင် အင်အား ထောင်နဲ့ချီ ပြီး ကရင်နီ ကို ဖိ ဖို့ ကြိုးစားနေတယ်ဆိုတာ ထင်ရှားနေပါ တယ်။
မေး-အခုနောက်ပိုင်း စစ်တပ်ရဲ့ စစ်ကြောင်း တစ်ခုမှာ တပ်ရင်းသုံးရင်းလောက်ထိ ပါလာတယ်လို့ကြားရတယ်။အဲဒါ ဟုတ်လားဗျ။
ဖြေ-ဟုတ်တယ်ဗျ။အခု စစ်ကြောင်းတွေ ထိုးရင် ဘယ်လို ဖြစ်လာလဲ ဆိုတော့ စစ်ကြောင်းတစ်ခု က တစ်ဗျူဟာပေါ့။တစ်ဗျူဟာ မှာ တပ်ရင်း သုံးရင်းပါတယ်။တပ်ရင်း တစ်ခုမှာ အင်အား ၁၁၀ လောက်ပါတယ်။

မေး- မိုးဗြဲ အရှေ့ဘက်မှာ စစ်ရှောင်စခန်းကို စစ်ကောင်စီက ဝင်စီးပြီး အရပ်သားတွေကို သတ်လိုက်တာ တွေ့ရတယ်။အဲဒီ ဖြစ်စဥ်အပေါ် မှတ်ချက်ပြုပေးပါဦးဗျ။
ဖြေ- စစ်ကောင်စီရဲ့ အရပ်သားပါမရှောင် ယုတ်မာမူတွေက ရှေ့မှာ သာဓက တွေလည်း ရှိသလို လက်တွေ့လည်း ဖြစ်နေတာလေ။အခုစစ်ကောင်စီရဲ့ စစ်ကြောင်း တွေက စစ်ဘေးရှောင် နေရာလည်း မရှောင်ဘူး။အဲဒီကြောင့်ထပ်ဆင့် စစ်ဘေးရှောင်ရတဲ့ လူဦးရေက သောင်းဂဏန်း မက ဘူး။အဲဒီမှာ သက်ကြီးရွယ်အိုတွေဆို စိတ်ဓာတ်ကျလာတယ်။မရွှေ့ချင်တော့ဘူး။မသွားတော့ဘူးဆိုပြီး နေခဲ့တဲ့အခါမှာ စစ်ကောင်စီ စစ် ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာပေါ့။ကျွန်တော်တို့ကတော့ ရအောင်ကယ်တယ်။စစ် ကြောင်းကို တိုက်ခိုက်တယ်။တစ်ခုရှိတာ အခု စစ် ကြောင်းတွေက အလုံးအရင်းနဲ့ဆိုတော့ ခွာစစ်၊ဆုတ် စစ် လုပ်ပြီး အတက်နိုင်ဆုံး လူထုကိုကယ်ရတာပေါ့။ဒါကြောင့် ဒေသခံလူထုကို မေတ္တာရပ်ခံလိုတာက တိုက်ပွဲ သံနားစွင့်ပြီး အမြန်ဆုံးရှောင်ဖို့ နဲ့ တိုက်ပွဲ မရှိသေးတဲ့ နေရာက လူထုကလည်း စစ်ဘေးရှောင်ပြည်သူတွေကို တက်နိုင်သမျှ အချင်း ချင်းဖေးမ ပေးကြဖို့ နဲ့ ကြည်ကြည်ဖြူဖြူ လက်ခံပေးပါလို့ တောင်းဆိုတယ်။
မေး- ဖြည့်စွက် ပြောလိုတာ ရှိရင် ပြောပေးပါဦး။
ဖြေ -အခု တိုက်ပွဲမှာ ကျွန်တော်တို့ KNDF ရဲ့ တပ်ရင်းတွေအားလုံး တစ်ရင်းမှ မနားပဲ သက်ဆိုင်ရာ နယ်မြေအလိုက်တိုက်နေတယ်။ကျွန်တော်တို့ အကောင်းဆုံးခုခံနေတယ်။ ဘယ် လောက်ပဲ သူတို့ထိုးစစ်တွေလာပါစေ အကောင်းဆုံး ၊အကောင်းဆုံး ပြင်ဆင်နေတယ်။အရင်ထဲကလည်း ပြင်ဆင်ထားတယ်။ဒါကလည်း တစ်နိုင်ငံလုံးနဲ့ ပြည်ပရောက် ပြည်သူလူထုရဲ့ အားကြောင့်ပါ။အခုလို ရလာဒ် တွေကလည်း လူထု ကြောင့်ပါ။ဒါကြောင့် ဆက်ပြီး တော့လည်း ကူညီပေးကြပါလို့ တိုက် တွန်းပါရစေ။
ကျေးဇူးတင်ပါတယ်။
