အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒုဝန်ကြီးဦးကျော်နီဟာ မြေပြင်ကွင်းဆင်းပြီး တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေ၊သပိတ်ခေါင်းဆောင်တွေ၊ ပြည်သူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။
ဦးကျော်နီဟာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန်ထမ်းဆောင်နေရင်း ပြည်ထဲရေး နဲ့ လူဝန်မှုကြီးကြပ်ရေး ဒုတိယဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်လာတာပါ။
ထိန်းချုပ်ဒေသမှာ တိုင်းရင်းသားခေါင်းဆောင်တွေ နဲ့ ဆွေးနွေးမှုများ အားရစရာကောင်းပြီး တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စတွေကို ဒုဝန်ကြီးဦးကျော်နီက ဆွေးနွေးခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။

Public Service Announcement
NUG ယာယီသမ္မတ ၊ ကာကွယ်ရေးဝန်ကြီး ၊ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ၊ သယံဇာတနဲ့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ၊ကျန်းမာရေးဒုတိယဝန်ကြီး နဲ့ အတွင်းဝန်တွေရဲ့ ထိန်းချုပ်ဒေသက တော်လှန်ရေးအဖွဲ့တွေ ၊ပြည်သူတွေနဲ့သွားရောက်တွေဆုံတဲ့သတင်းထုတ်ပြန်ပြီး ဦးကျော်နီပါမြေပြင်ရောက်နေတဲ့အကြောင်း ဓါတ်ပုံတွေနဲ့ တကွ ထုတ်ပြန်တာဖြစ်ပါတယ် ။ဒါကြောင့် ဦးကျော်နီကို People’s Spring ကဆက်သွယ်မေးမြန်းထားပါတယ် ။
