Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင့်အတူ ချီတက်လိုက်ပါလာခြင်း၊ လမ်းပြခေါ်ဆောင်လာပေးခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းမပြုလုပ်ရန် PDFဖယ်ခုံ သတိပေး

လက်ရှိ ဖယ်ခုံမြို့နယ်ရှိ ဖယ်ခုံ – မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် PDFများနှင့် စစ်ကောင်စီတပ် တို့သည် အချိန်၊ နေရာကန့်သတ်မှုမရှိဘဲ တိုက်ပွဲများ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည်ဟုလည်း ဆိုသည်။

(PDFဖယ်ခုံမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - PDF Pekhon)
(PDFဖယ်ခုံမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - PDF Pekhon)

စစ်ကောင်စီနှင့်အတူ ချီတက်လိုက်ပါလာခြင်း၊ လမ်းပြခေါ်ဆောင်လာပေးခြင်း အပါအဝင် လက်နက်ခဲယမ်း၊ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းမပြုလုပ်ရန် PDFဖယ်ခုံက ယနေ့ သတိပေးထုတ်ပြန်သည်။

လိုက်နာခြင်းမရှိဘဲ အတူတကွလှုပ်ရှားသွားလာပါက စစ်ကောင်စီကို ပစ်ခတ်ရှင်းလင်းတိုက်ခိုက်ရာတွင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲထိခိုက်မှုများသည် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် လုံးဝသက်ဆိုင်မှု မရှိကြောင်း အသိပေးသည်။

လက်ရှိ ဖယ်ခုံမြို့နယ်ရှိ ဖယ်ခုံ – မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် PDFများနှင့် စစ်ကောင်စီတပ် တို့သည် အချိန်၊ နေရာကန့်သတ်မှုမရှိဘဲ တိုက်ပွဲများ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည်ဟုလည်း ဆိုသည်။

ထို့ကြောင့် ရန်သူစစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ခိုက်ရာတွင် နှောက်နှေးစေသော လုပ်ရပ်များ မပြုလုပ်ရန်လည်း PDFဖယ်ခုံက တိုက်တွန်းသည်။

“ဖယ်ခုံ ဘက်ခြမ်းမှာတော့ စကစလက်ကိုင်တုတ် PNO ပြည်သူ့စစ်အဖွဲ့ရှိတယ်။ရှမ်းတောင်ဘက်မှာ တိုက်ပွဲကလည်း မကြာသေးခင်ကဖြစ်ထားတာဆိုတော့ ရန်၊ငါ သေချာခွဲဖို့ ထုတ်ပြန်လိုက်တာလို့တော့ မြင်တယ်”ဟု ကရင်နီသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယခုလဆန်းပိုင်းက အင်းလေးဒေသတွင် စစ်ကောင်စီ ၊ PNOပူးပေါင်းအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ PDFတပ်ရင်းများအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုပူးပေါင်းအဖွဲ့မှသေဆုံးသူ ၃၀ဦးထက်မနည်းရှိမည်ဟု ကာကွယ်ရေးတပ်များက ခန့်မှန်းသည်။

အလားတူ အလယ်ပိုင်းတိုင်းတပ်ရင်းများအနက် ကျဆုံးဖမ်းဆီးခံခဲ့ရသော ရဲဘော်ငါးဦးထက်မနည်း ရှိခဲ့သည်။

You May Also Like

သတင်း

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ-၁ ၊ တပ်ခွဲ -၄( စက်ြာ) ၊ မုန်တိုင်းတပ်ဖွဲ့ နှင့် MUGDFတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အကြားအလပ်မရှိ ကျင်းပမယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က မနေ့က ပြုလုပ်တဲ့အစည်းအဝေးမှာ ကြွေးကြော်ပါသေးတယ်။

သတင်း

ဇန်နဝါရီ ၁၉ ရက်က မြိုင်မြို့နယ်၊ ကိုင်းတောမရှိ စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် အာဏာသိမ်းကလာအတွင်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူလူထု နေအိမ်လေးသောင်းခန့် ကို မီးရှို့ဖျက်ဆီးခဲ့သည်။