Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နယူးဇီလန် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံမယ့် ဟစ်ပ်ကင်စ်

အစောပိုင်းတုန်းက တရားရေးဝန်ကြီး ကီရီ အလန်ဟာ နိုင်ငံသမိုင်းမှာ ပထမဆုံး မော်ရီ တိုင်းရင်းသား မျိုးနွယ်ဝင် ဝန်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့် ဟစ်ပ်ကင်စ်ရဲ့ ဆက်ခံမှုကြောင့် အဲဒီ ဖြစ်နိုင်ခြေက အဆုံးသတ်သွားခဲ့ပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံမယ့် ဟစ်ပ်ကင်စ်
နယူးဇီလန် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံမယ့် ဟစ်ပ်ကင်စ်

ရာထူးက နုတ်ထွက်တော့မယ့် နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်ရဲ့ နေရာမှာ လက်ရှိ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တစ်ဦးဖြစ်တဲ့ ခရစ္စ ဟစ်ပ်ကင်စ်က အစားထိုး ဆက်ခံသွားမှာ ဖြစ်ပါတယ်။

အာဏာရ လေဘာပါတီရဲ့ အမတ်တွေထဲမှာ ဝန်ကြီးချုပ် တာဝန်ကို ယူရမယ့် ပါတီခေါင်းဆောင် နေရာအတွက် ဟစ်ပ်ကင်စ် တစ်ဦးတည်းက အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ သူဟာ အရမ်း ပင်ပန်းနေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ကြီးချုပ် တာဝန်တွေကို စွန့်ခွာတော့မယ့် အားဒန်ရဲ့ နေရာမှာ ဖေဖော်ဝါရီ ၇ ရက်ကစပြီး အစားထိုး ဆက်ခံသွားမှာ ဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဟစ်ပ်ကင်စ်ဟာ လက်ရှိမှာ နယူးဇီလန် အစိုးရရဲ့ ရဲလုပ်ငန်း၊ ပညာရေးနဲ့ ပြည်သူ့ရေးရာ ဝန်ကြီးအဖြစ် တာဝန် ယူထားသလို လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့လည်း ခန့်အပ် ခံထားရပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်မှာ လွှတ်တော် အမတ်အနေနဲ့ စတင်ရွေးကောက် ခံခဲ့ရပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတုန်းက နိုင်ငံရဲ့ ကိုဗစ် ကပ်ရောဂါ တိုက်ဖျက်ရေး ဝန်ကြီးအဖြစ် ခန့်အပ် ခံခဲ့ရဖူးပါတယ်။

နယူးဇီလန်ကို ၅ နှစ်ခွဲလောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ဦးဆောင်ခဲ့သူ အားဒန်ဟာ အံ့ဩစရာ အခြေအနေ တစ်ရပ်အဖြစ် ရာထူးက အနားယူတော့မယ်လို့ ကမ္ဘာသိ ကြေညာခဲ့ပါတယ်။ သူဟာ နိုင်ငံကို ဆက်လက် ဦးဆောင်ဖို့ လုံလောက်တဲ့ ရင်းမြစ်နဲ့ စွမ်းအင်တွေ မကျန်တော့ဘူးလို့ အားဒန်က ဆိုပါတယ်။

နယူးဇီလန်မှ အောက်တိုဘာလကျရင် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတာကြောင့် ဟစ်ပ်ကင်စ် အနေနဲ့ ဝန်ကြီးချုပ်အဖြစ် ဘယ်လောက်ကြာကြာ တာဝန်ယူနိုင်မလဲ ဆိုတာ မသေချာသေးဘဲ ဖြစ်နေပါတယ်။ သူဟာ အားဒန်ရဲ့ အရိုက်အရာ ဆက်ခံသူအဖြစ် ဇန်နဝါရီ ၂၂ ရက်ကျရင် လွှတ်တော်ထဲက လေဘာပါတီ အမတ်တွေရဲ့ တရားဝင် ထောက်ခံ အသိအမှတ်ပြုမှု လိုအပ်ဦးမှာ ဖြစ်ပါတယ်။

အားဒန်ဟာ နယူးဇီလန် သမိုင်းမှာ အအောင်မြင်ဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း အခုလပိုင်းတွေအတွင်း ကုန်စျေးနှုန်း မြင့်တက်မှုနဲ့ လူမှုကဏ္ဍ မညီမျှမှုတွေကြောင့် သူ့အပေါ် လူထု ထောက်ခံမှုဟာ ကြုံဖူးသမျှ အနိမ့်ဆုံး အခြေအနေထိ ပြန်ကျဆင်းနေတယ်လို့ ဆိုပါတယ်။ ဒါဟာ အားဒန် တစ်ဦးတည်းတင် မကဘဲ လေဘာပါတီ တစ်ခုလုံးအပေါ် လူကြိုက် နည်းလာမှုလည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းက တရားရေးဝန်ကြီး ကီရီ အလန်ဟာ နိုင်ငံသမိုင်းမှာ ပထမဆုံး မော်ရီ တိုင်းရင်းသား မျိုးနွယ်ဝင် ဝန်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့် ဟစ်ပ်ကင်စ်ရဲ့ ဆက်ခံမှုကြောင့် အဲဒီ ဖြစ်နိုင်ခြေက အဆုံးသတ်သွားခဲ့ပါတယ်။

တကယ်လို့ လာမယ့် ရွေးကောက်ပွဲမှာ လေဘာပါတီသာ အရေးနိမ့်ခဲ့မယ်ဆိုရင် ဟစ်ပ်ကင်စ်ဟာ ဝန်ကြီးချုပ်အဖြစ် ၈ လ သာ တာဝန်ယူရမယ့် သဘောပါပဲ။ ဒါဆိုရင် ၁၈၈၄ ခုနှစ်က ဟယ်ရီ အက်ကင်ဆန်နောက်ပိုင်း ရာထူးသက်တမ်း အတိုဆုံး နယူးဇီလန် ဝန်ကြီးချုပ် အနေနဲ့ မှတ်တမ်းဆိုး ဝင်သွားပါလိမ့်မယ်။ အက်ကင်ဆန်ကတော့ နိုင်ငံရဲ့ ရွေးကောက်ခံ ခေါင်းဆောင်အဖြစ် ၈ ရက်သာ တာဝန် ထမ်းဆောင်ခဲ့ရပါတယ်။

You May Also Like

ဗီဒီယို

လူမှုကွန်ရက်ပေါ်တင်ဖို့ ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုမှာ ဆူနက်ခ်ဟာ မောင်းနှင်နေတဲ့ ကားတစ်စီးရဲ့ နောက်ခန်းမှာထိုင်ရင်း စကားပြောနေခဲ့ပေမယ့် ခါးပတ် ပတ်မထားတာကို တွေ့ရပါတယ်။ ဗြိတိန်မှာတော့ ယာဉ်မောင်းရော၊ ခရီးသည် အားလုံးပါ ကားမောင်းနေချိန် ခါးပတ် ပတ်ထားဖို့ ဥပဒေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ပါတီအနေနဲ့ အားဒန်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူကို မဲပေး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ နယူးဇီလန်ဟာ အောက်တိုဘာ ၁၄ ရက်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

နိုင်ငံတကာ

ပက်ခ်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် ရီကလည်း စစ်တပ်ထဲမှာ လူသိများသူ တစ်ဦးဖြစ်ပြီး ပူးပေါင်းစစ်ဆင်ရေး ဌာနအကြီးအကဲနဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးတွေကို ရယူထားသူ ဖြစ်ပါတယ်။

သတင်း

ယခုနှစ်ကုန်တွင် ကမ္ဘောဒီးယား၏ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ပြီးဆုံးမည်ဖြစ်ပြီး လာမည့် ၂၀၂၃ တွင် အင်ဒိုနီးရှားက အာဆီယံအလှည့်ကျဥက္ကဌတာ၀န်ကို ထမ်းဆောင်မည်ဖြစ်သည်။