Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ယူကရိန်း အစိုးရ ဝန်ကြီးတစ်ဦးနဲ့ ကလေးတွေ အပါအဝင် ၁၈ ဦးထက်မနည်းသေ

ကိယက်ဗ်မြို့တော် အရှေ့ဖက်က ဆင်ခြေဖုံး တစ်နေရာမှာ ပြည်ထဲရေးဝန်ကြီး ဒန်နိစ် မိုနက်စ်တီစကီးနဲ့ တခြား ၈ ဦး လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံမှာ ရဟတ်ယာဉ်တစ်စီးက မူကြိုကျောင်းနားမှာ ပျက်ကျခဲ့တာကြောင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးနဲ့ ကလေးတွေ အပါအဝင် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကိယက်ဗ်မြို့တော် အရှေ့ဖက်က ဆင်ခြေဖုံး တစ်နေရာမှာ ပြည်ထဲရေးဝန်ကြီး ဒန်နိစ် မိုနက်စ်တီစကီးနဲ့ တခြား ၈ ဦး လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အခုဖြစ်ရပ်ကြောင့် သေဆုံးသူတွေထဲမှာ ကလေး ၃ ဦးထက်မနည်း ပါဝင်ခဲ့သလို နောက်ထပ် ၁၅ ဦးလောက်လည်း ဆေးရုံရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ ဝန်ကြီးအပြင် ဒုတိယဝန်ကြီးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးတို့လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းရဲ့ ကယ်ဆယ်ရေးဌာနက ပိုင်ဆိုင်တဲ့ ရဟတ်ယာဉ်ဟာ ဘရိုဗာရီ ဆင်ခြေဖုံး ရပ်ကွက်နားမှာ ပျက်ကျခဲ့တာလို့ ယူကရိန်း ရဲချုပ် အီဟော် ကလီမန်ကိုက Facebookမှာ ရေးသားထားပါတယ်။

လက်ရှိ အချိန်ထိ သေဆုံးသူ ၁၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၉ ဦးထိ စာရင်းရထားကြောင်း ကိယက်ဗ်ရဲ့ စစ်ရေးကွပ်ကဲမှုဌာန အကြီးအကဲ အိုလက်ဆီ ကူလီဘာကလည်း သီးခြား ထုတ်ပြန်ပါတယ်။ ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့နောက် မူကြိုကျောင်းနားမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် ဝန်ထမ်းတွေနဲ့ ကလေးတွေကို အရေးပေါ် ပြောင်းရွှေ့စေခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

မှတ်တမ်းဓာတ်ပုံတွေအရ မီးလောင်ထားတဲ့ အဆောက်အအုံ တစ်ခုနားမှာ ရဟတ်ယာဉ်ပျက်ရဲ့ အစိတ်အပိုင်းတွေ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။ ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် အခင်းဖြစ်ချိန်က အဲဒီနေရာ တဝိုက်မှာ မြူထူပြီး အလင်းရောင် နည်းပါးနေတယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ အဲဒီနေရာမှာ ရှင်းလင်းရေးတွေ ဆောင်ရွက်နေပြီး ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုလည်း စတင် စုံစမ်းနေကြောင်း သိရပါတယ်။

You May Also Like

သတင်း

ဂျူလီရဲ့ ဖခင်ဟာ ယူကရိန်းရဲ့ ရှေ့တန်း တစ်နေရာမှာ ရုရှား ကျူးကျော်ရေးသမားတွေကို စွမ်းစွမ်းတမံ ခုခံနေပြီး သူ့ရဲ့ မတ်တော်စပ်သူကတော့ အခုနှစ် အစောပိုင်းကမှ တိုက်ပွဲကျသွားခဲ့ပါတယ်။

သတင်း

ဖမ်းဆီးခံရသူများအနက် အသက်(၄၅)နှစ်အရွယ် ဦးသိန်းထွန်းဆိုသူသည် ဇန်နဝါရီ ၁၁ ရက်တွင် ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သတင်း

"ကလေးခေါင်းကို မိုင်းစထိတာ။ လူမှုရေးအဖွဲ့တွေက ဆေးရုံပို့ခဲ့ပေမယ့် မရခဲ့ဘူး။ ကလေးက ဆုံးသွားပါတယ်"ဟု ထန်းတပင်မြို့ခံတစ်ဦးက ပြောသည်။

သတင်း

သေဆုံးသွားသူမှာ အသက်(၃၃)နှစ်ရှိ ဒေါ်မူလင်း ဖြစ်ပြီး ကောင်းဆောင်ရွာသို့ စစ်ဘေးရှောင်ရန် လာရောက်နေထိုင်သူ ဖြစ်သည်။