Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ပြင်သစ်တပ်တွေ ရုပ်သိမ်းပေးဖို့ အာဏာသိမ်း ဘာကီနာဖာဆို စစ်တပ်တောင်းဆို

ပြင်သစ် အစိုးရကတော့ ဘာကီနာဖာဆိုက စစ်တပ်တွေ ကတိုက်ကရိုက် ရုပ်သိမ်းမလား ဆိုတာကို အတည်မပြုသေးပေမယ့် ဘာကြောင့် အခုလို အသည်းအသန် တပ်ရုပ်ခိုင်းနေသလဲ ဆိုတာကို စုံစမ်း မေးမြန်းသွားမယ်လို့ ပြောပါတယ်။

ပြည်တွင်းမှာ လုံခြုံရေးယူ ဖြန့်ကျက်ထားတဲ့ ပြင်သစ် စစ်တပ်တွေ ရုပ်သိမ်း ထွက်ခွာပေးဖို့ ဘာကီနာဖာဆို အာဏာသိမ်း စစ်အစိုးရက တောင်းဆိုလိုက်ပါတယ်။

အစိုးရပိုင် (AIB) သတင်းဌာနက အစိုးရ အနေနဲ့ ဘာကီနာဖာဆိုမှာ ရှိနေတဲ့ ပြင်သစ် စစ်တပ်တွေ တစ်လအတွင်း ထွက်ခွာဖို့ တောင်းဆိုထားလိုက်ကြောင်း ဖော်ပြသွားပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ရယူထားတဲ့ သဘောတူညီမှုအရ လာမယ့် တစ်လအတွင်း ပြင်သစ် စစ်တပ်တွေ ထွက်ခွာပေးရမယ်လို့လည်း AIBက ဆိုပါတယ်။

ပြင်သစ် အစိုးရဟာ ဘာကီနာဖာဆို နိုင်ငံမှာ စစ်သည်တွေ ဆက်လက် ဖြန့်ကျက်ထားဖို့ စီစဉ်နေခြင်းက မူလ သဘောတူညီမှုတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ စစ်အစိုးရ အာဘော် AIBက ပြောပါတယ်။ ဘာကီနာဖာဆိုမှာ ပြင်သစ် တပ်ဖွဲ့ဝင် ၄၀၀ ဝန်းကျင်လောက် ဆက်ပြီး တပ်စွဲထားဆဲ ဖြစ်ပါတယ်။

ဒါဟာ အရင်နှစ်တွေတုန်းက ဘာကီနာဖာဆိုနဲ့ ဒေသတွင်း နိုင်ငံတချို့မှာ ထကြွ သောင်းကျန်းခဲ့တဲ့ အိုင်အက်စ်နဲ့ အယ်လ်ကိုင်ဒါ ဆက်စပ် စစ်သွေးကြွတွေကို ကူညီ ဖြိုခွင်းဖို့ အားဖြည့် ဖြန့်ကျက်ထားခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဘာကီနာဖာဆိုရဲ့ မြို့တော် အူဂါဒူဂူမှာ စစ်တပ် အလိုတော်ရိ တချို့က ပြင်သစ် စစ်သည်တွေ ဆက်ပြီး တပ်စွဲထားတဲ့ ကိစ္စအပေါ် အပြင်းအထန် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

တချို့ ဆန္ဒပြသူတွေဟာ ဘာကီနာဖာဆိုနဲ့ ရုရှား အလံတွေကို ဝှေ့ရမ်းနေတာလည်း မြင်ရပါတယ်။ ရုရှားဟာ ဘာကီနာဖာဆိုရဲ့ စစ်အစိုးရကို အဓိက ထောက်ပံ့ပေးနေတဲ့ အင်အားကြီးနိုင်ငံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက ဘာကီနာဖာဆို စစ်တပ်ဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ ရုရှား ကြေးစား စစ်တပ် Wagnerရဲ့ တပ်ဖွဲ့ဝင်တွေကို ဖိတ်ကြားခဲ့ကြောင်း ဂါနာ သမ္မတ နာနာ အကူဖို အဒိုဒိုက ပြောကြားခဲ့ပါသေးတယ်။

ပြင်သစ် အစိုးရကတော့ ဘာကီနာဖာဆိုက စစ်တပ်တွေ ကတိုက်ကရိုက် ရုပ်သိမ်းမလား ဆိုတာကို အတည်မပြုသေးပေမယ့် ဘာကြောင့် အခုလို အသည်းအသန် တပ်ရုပ်ခိုင်းနေသလဲ ဆိုတာကို စုံစမ်း မေးမြန်းသွားမယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်တိတိလောက်တုန်းက ဘာကီနာဖာဆို စစ်တပ်က ဒုတိယ ဗိုလ်မှူးကြီး ပေါလ် ဟင်နရီ ဒမ်မီဘာဟာ သမ္မတ ရော့ချ်ကာဘိုရီကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အာဏာ သက်တမ်းက သိပ်မရှည်လိုက်ဘဲ ဗိုလ်ကြီး အီဘရာဟင် ထယာအိုရေး ဦးဆောင်တဲ့ တပ်တွင်း ဒုတိယ အင်အားစု တစ်ခုက အောက်တိုဘာလမှ နောက်တစ်ကြိမ် အာဏာသိမ်းယူခဲ့ပါတယ်။

You May Also Like

နိုင်ငံတကာ

ဘော်လ်ဆိုနာရိုဟာ လူလာရဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားကို ရှောင်လွှဲဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ကတည်းက အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ကို ရောက်ရှိနေခဲ့ပြီး လက်ရှိ အချိန်ထိ ဘရာဇီးကို ပြန်မလာသေးဘူးလို့ သိရပါတယ်။

သတင်း

ယမန်နေ့(ဇန်နဝါရီ ၂၁)ရက် နေ့လယ် ၂ နာရီခွဲခန့်က တကောင်းတိုက်နယ် (၄)မိုင်‌ကျေးရွာအနီး ပီလောပစ်‌ဘုန်းကြီးကျောင်း အထိုင်ချထားသော စစ်အုပ်စုမှ အင် အား (၄၀)ခန့်ကို ယာဉ်သုံးစီးဖြင့် ထွက်လာစဥ် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီရဲ့စာရင်းအရ အဲဒီ ၉ ရုံးမှာ ရေစကြို ၊ မြိုင် ၊ မြင်းမူ နဲ့ ဆားလင်းကြီးရုံးတွေဟာ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ မှာ မှ မီးရှို့ခံရတာဖြစ်ပါတယ်။

သတင်း

နိုင်ငံအတွင်း ပြည်သူလူထုများ၏ နေ့စဉ် လူမှုစီးပွားဘ၀ ကွာဟချက်များ ကြီးမားလာသည်ကို တွေ့ရပြီး လက်နက်ကိုင် အကျပ်အတည်းများကြား၌ ပျက်စီး ယိုယွင်းသွားသည့် ပြည်သူ့ဘ၀ များစွာ ရှိသည်ဟု ၎င်းက ဆိုသည်။