Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးက လက်နက်နှင့် ကျည်များလာရောက်အပ်နှံဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF)ပြော

တပ်ဖွဲ့တည်ထောက်မှု (၂)နှစ် ပြည့်တော့မည်ဖြစ်သည့် YGFသည် စစ်ကောင်စီတပ်အားတိုက်ခိုက်မှုအရ လက်နက် ၁၁လက်ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

ရေးမြို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးက လက်နက်နှင့် ကျည်များလာရောက်အပ်နှံဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF)ပြော
ရေးမြို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးက လက်နက်နှင့် ကျည်များလာရောက်အပ်နှံဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF)ပြော

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးက ပစ္စတိုနှစ်လက် အပါအဝင် ကျည်ဆံနှင့် ဗုံးများလာရောက်အပ်နှံကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တာဝန်ရှိသူက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၁ ရက်)နံနက် ၉ နာရီခွဲတွင် လာရောက် အပ်နှံသည့် ပစ္စည်းများမှာ ပစ္စတို နှစ်လက်၊၁၆ ကျည် ၆၉ တောင့်၊ ကာဘိုင်ကျည် ၁၀ တောင့်၊ ၄၅ ကျည် ၂၇ တောင့်၊ ၉ မမ ကျည် ၃ တောင့်၊ နာတိုကျည် ၅၀ တောင့်၊ စက်လက် ၁၇ တောင့်၊ ၉ လုံးကျည် ၇ တောင့်၊ ပွိုင့် ၂၂ ကျည် ၄၅ တောင့်၊ လက်ပစ်ဗုံး ၁၁ လုံး၊ ကျည်ခွံ ၆ ခု၊ကျည်ဖူး တစ်ခုနှင့်တို့ ပါရှိသည်။

Public Service Announcement
Public Service Announcement

“သူရဲ့ ဆန္ဒသဘောသဘာဝအလျောက်လာရောက်ပေး ပို့တာဖြစ်တယ်”ဟု YGF တာဝန်ရှိသူက ရှင်းပြသည်။

တပ်ဖွဲ့တည်ထောက်မှု (၂)နှစ် ပြည့်တော့မည်ဖြစ်သည့် YGFသည် စစ်ကောင်စီတပ်အားတိုက်ခိုက်မှုအရ လက်နက် ၁၁လက်ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ယခုလ ၂၀ ရက်က မွန်ပြည််နယ်၊ရေးမြို့နယ်အခြေစိုက် အမှတ် (၃၁၇)အမြောက်တပ်မှ စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်ရာ ငါးဦးသေဆုံးပြီး လက်နက်သုံးလက်ရရှိကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ YGFက ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန်နှင့် မြန်မာပြည်သူများ အားလုံးပါဝင်သည့် ဒီမိုက‌ရက်တစ် အနာဂတ်ဆီသို့ ငြိမ်းချမ်းစွာ ကြိုးစားဆောင်ရွက်ကြသူများ အားလုံးအတွက် ဆက်လက်၍ ပြတ်သားစွာ ထောက်ခံပံ့ပိုးနေမည်ဟု ပူးတွဲကြေညာသည်။

သတင်း

တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် (၆၁၃)ဦးတွင် အဖမ်းဆီးခံရသူ (၈၅) ဦး၊ ဖမ်းဆီးခံရနေရစဥ်အတွင်း ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂) ဦးနှင့် ပြန်လည်လွတ်မြောက်သူ (၂၆) ဦးရှိကြောင်း အစီရင်ခံစာ၌ ပါရှိသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် အသက်ဆုံးရှုံးခဲ့ရသော လူပေါင်း ၂,၉၀၀ ကျော်ကို အမေရိကန်သံရုံးက ဂုဏ်ပြုကြောင်း ဖော်ပြသည်။

သတင်း

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှာဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အရပ်သားအစိုးရကိုစစ်တပ်ကမတရားဖမ်းဆီးပြီးအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း လူ့အခွင့်အရေး ကိစ္စအပါအဝင် ကဏ္ဍပေါင်းစုံမှာ နိုင်ငံရဲ့ အခြေအနေက တောက်လျှောက် ဆုတ်ယုတ် လာနေကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တက်ခ်က ဆိုပါတယ်။